ကိုယ်တို့ ရက်သိပ်မကွာဘဲ 6သကြမယ် ။
အရမ်းအေးချမ်း​တဲ့နိုင်ငံမှာ ပြန်မွေးဖွားကြမယ် ။
တက္ကသိုလ် အတူတက်ကြမယ် ။
သမိုင်းစာအုပ် အတူဖတ်ကြမယ် ။
မြန်မာနိုင်ငံအကြောင်း ဖတ်မိတဲ့အခါ …
" ဒီနိုင်ငံကြားဖူးသလိုလိုပဲ ..."ဆိုတဲ့
မျက်မှောင်ကြုတ်တာမျိုး ဖြစ်သွားလိမ့်မယ် ။ ။

- သူဝေး