အိမ်လေးတစ်လုံး
အကျယ်ကြီး အော်ရယ်လို့ရတယ်
သီချင်းတွေ အော်ဆိုလို့ ရတယ်
တစ်ယောက်ယောက်နဲ့ အော်ဟစ် ရန်ဖြစ်လို့ရတယ်
အလှမပြင်လို့ ရတယ်
မျက်နှာဖုံးမတပ်လို့ ရတယ်
ကိုယ့်အသားရောင်အတိုင်း ကိုယ်နေလို့ ရတယ်
ဒီကနေ ဘယ်မှ ထွက်မသွားချင်လို့ ရတယ်
ဒီကို ပြန်မရောက်အောင် ထွက်သွားလို့လည်း ရတယ်။
- မြကျေး -
၅-၈-၂၀၁၉
Like
Comment
Share

