ရှင်သိလား
ကျွန်မအသည်းက မီးရထားသံလမ်းတွေလိုလည်း မာကျောတယ်
ခိုင်ခံ့တယ် သေချာမူရှိတယ်
အတူယှဉ်တွဲ ခရီးအဝေးကြီးထိ
ရောက်အောင်သွားဖို့ အားရှိတယ်
ရှင် အလိုရှိဦးမယ်ဆိုရင်
ရှင် သဘောကျတဲ့ မိန်းကလေးအတွက်
ဒေလီယာတစ်စည်းလည်း ဖြစ်နိုင်သေးတယ်
သိပ်မခက်ပါဘူး ....
- မြကျေး -
(နေကြာရိုင်း)
Мне нравится
Комментарий
Перепост

