ငါတို့ သေရင် ဘာတွေဖြစ်မယ်ထင်လဲလို့
လူတစ်ယောက်က မင်းသားကြီး Keanu Reeves ကိုမေးတော့ မင်းသားကြီးက ငါတို့ကို ချစ်တဲ့သူတွေက ငါတို့ကို လွမ်းဆွတ်နေ သတိရနေကြမှာပေါ့တဲ့။

ကိုယ်တို့လည်း တစ်နေ့ မြေမှုန်တွေလို၊အခိုးအငွေ့တွေလို လွင့်ပါးကြရမယ့်သူတွေ၊ သဘာဝကို မလွန်ဆန်နိုင်ကြမယ့်သူတွေဆိုတော့ ကိုယ့်အလှည့်ကျရင်ရော

ကိုယ်သေသွားတဲ့ တစ်နေ့ကျ ဘာတွေကျန်ခဲ့မလဲ၊ ဘယ်သူငိုကြမလဲ၊ ဘယ်သူတွေ လွမ်းဆွတ် သတိရနေကြမလဲလို့ တွေးကြည့်မိတဲ့အခါ

ကိုယ်စိုက်ပျိူးထားခဲ့တဲ့ ကောင်းမှုတွေ သီးပွင့်ဝေဆာနေတယ်ဆိုရင် ၊ အကျိူးဖြစ်ထွန်းနေတယ်ဆိုရင် ကျေနပ်ပြီ။

ကိုယ့်အကြောင်းတွေးလိုက်တာနဲ့ ကြည်နူးပျော်ရွှင်စရာလေးတွေ၊ အားတက်စရာလေးတွေသာ သတိရနေကြမယ်ဆိုရင် ကျေနပ်ပြီပေါ့။

image