မြေဧရိယာ ကျဉ်းလာတဲ့ လူနေမှုစနစ်မှာ
အိမ်ပြတင်းတွေဟာ လှပ်ဖို့ ခက်လာခဲ့။

Slide window တဲ့...

ဘယ်ကိုဖွင့်ဖွင့်၊ ညာကိုဖွင့်ဖွင့် ပွင့်သွားတာ တဝက်တည်း။

အတွေးအမြင် ကျဉ်းမြောင်းလာတဲ့ လူ့ဘောင်မှာ
စိတ်ကို အဆုံးလှစ်ဟဖို့ ခက်လာခဲ့။

ဉာဏ်သတိ တဲ့...

ဖွင့်တော့ပြပါတယ် တဝက်တည်း။

#khaing 🌻

11th June, 2023