နှင်းဆီပွင့်ချပ်လေးကိုတောင်
မသယ်နိုင်အောင် လေးလံဖူးတယ်

ပင်လယ်တစ်ခုလုံးကိုလည်း
လက်ခုပ်ထဲ ထည့်သယ်လာဖူးတယ်

ဒါ ဝေဒနာမဟုတ်ပါ ဘေဘီရာ

ဖြစ်မြဲ ၊ ဖြစ်ဆဲ ၊ ဖြစ်လာအုံးမယ့်
စိတ်ရဲ့ဒဏ်ခံကြိုးလေးအကြောင်းပါ... ။

#မြကျေး

ဩဂုတ် ၅ ၊ ၂၀၂၁