”နွေ ရဲ့ မိုးစက်များ”
အဆက်မပြတ်ရွာတဲ့မိုးထဲ
ရိုးတွင်းခြင်ဆီထဲက
နာကျည်းချက်တွေနဲ့
မဆုတ်မနစ် ကြိုးစားနေကြရ။
အနွေးဓာတ်တွေနဲ့ ဝေးချိန်
အမေ့ မေတ္တာ နဲ့ နံရံခြားချိန်
ထွေးပွေ့မှုတွေနဲ့ ကမ္ဘာမညီချိန်
ဒါဏ်ရာတစ်ချို့နဲ့ နေသားကျနေချိန်
တစ်စက်ချင်းစုခဲ့ရသော
သွေးအသက်မျက်ရည်စက်များစွာနဲ့
ငြိမ်းချမ်းမျှတဖို့
ပေးဆပ်နေရသူတိုင်းအတွက်..
ကျေးဇူးပြုပြီး သတိကပ်ပေးပါ
ခုချိန်ထိ မလွတ်လပ်သေးဘူး
ကျွန်ဘဝကို ရုန်းထွက်နေချိန်မို့
ပျော်မယ်ဆိုရင် တိတ်တိတ်ပျော်!
အိမ်ပြန်ချင်လို့ ကြိတ်ငိုနေရတဲ့
ရဲဘော်လေးတွေရှိတယ်။
အိမ်မပြန်နိုင်တော့တဲ့
ကြယ်ပွင့်လေးတွေ လန့်နိုးသွားမယ်။
တိုးတိုးလေး
တိတ်တိတ်လေး
အိုးအိမ်စည်းစိမ် အသက်များစွာအတွက်
သတိလေးကပ်ပြီး ပျော်။
ရဲဘော်နီ ။
# PSTF
#ကဗျာကဏ္ဍ
#11.6.2024

