{{ လူ့ဗလာ }}
~~~~~
@အပင်တစ်ပင် ၊ မစိုက်ချင်ဘဲ
ပိုင်ရှင်ထက်ဦး ၊ အညွန့်ခူးလို့
ရစ်မူးရွှင်ပျော် မသူတော် ။
@ခွန်အားနှမြော ၊ ရေစုန်မျှောလျက်
မမောပန်းလို ၊ ပန်းတိုင်ကိုတော့
သူကြိုရောက်ချင် အတ္တရှင် ။
@နေပူကိုကြောက် ၊ နေရိပ်အောက်မှ
မေးထောက်လို့သာ ၊ မောပန်းလာသည့်
သူငါတွေအား ၊ မသနားဘဲ
တရားမဲ့သူ နေရာယူ ။
@လူပေါ်လူကျော ၊ အတ္တဇောဖြင့်
လူတောမှာနေ ၊ မောဟပွေလျက်
သန္ဓေကောက်ကျစ် ၊ လူလာဖြစ်တော့
စင်စစ်မှာသည် ၊ လူမမည်တည့်
မတည်မြဲလှ ၊ လူ့ဘဝကို
အတ္တရှေ့ဆောင် ၊ အသိမှောင်ကာ
လူ့ဘောင်စည်းကမ်း ၊ မသိလှမ်းတော့
ဆင်ကန်းပမာ လူ့ဗလာ ။ ။
လုလင်(မှော်ဝန်းမြေ)
#___
Like
Comment
Share

