လွတ်လပ်ပေါ့ပါးပြီး ပျော်ရွှင်နေတဲ့
အမျိုးသမီးတစ်ယောက်ရဲ့ နောက်ကွယ်မှာ
ချစ်တတ် ကြင်နာတတ်ပြီး
ကြည်ဖြူစွာ နားလည်ပေးတတ်တဲ့
အမျိုးသား တစ်ယောက်တော့
ရှိနေတတ်ကြတယ်....
လူရွေးမှန်သွားတဲ့အခါ
ချစ်ခြင်းမေတ္တာဟာ
အပြစ်ကင်းစင်တာပါပဲ
တန်ဖိုးထားတဲ့ သူနဲ့ ဆုံတဲ့အခါ
အဖိုးမဖြတ်နိုင်တဲ့ အရာပါပဲ...
ဘယ်လိုပဲနေနေ ဘာလေးပဲ လုပ်လုပ်
အနောက်လှည့်ကြည့်လိုက်တာနဲ့
အပြစ်မမြင် မငြိုငြင်ပဲ
အရိပ်တကြည့်ကြည့်လေး
ကြည်ဖြူစွာ ရှိနေပေးတဲ့ ရပ်ဝန်းလေးဟာလဲ
အချစ်ခံရတဲ့ ရပ်ဝန်းလေးပါပဲ... ။
နေခြည် (ဧရာမြေ)
10/6/2024
Like
Comment
Share

