လူတစ်ယောက်ကို ချစ်တယ်ဆိုတာက
အဲ့ဒီချစ်တယ်ဆိုတဲ့ နေရာလေးမှာ
ရပ်လိုက်တာ အကောင်းဆုံးပဲ ...!!!
when you've fallen in love with someone,
the best thing to do is
to halt it at that 'love' stage.
ပိုင်ဆိုင်စရာမလိုဘူး...
သဝန်တိုစရာမရှိဘူး...
အနားမှာရှိခွင့်တွေမပါဘူး...
ရန်ဖြစ်ရခြင်းတွေမရှိဘူး...
သေချာတယ် အဲ့အချစ်က သိပ်အေးချမ်းတယ် ။
no need for possession
no room for jealousy
no right to stay close to them
no fights nor quarrels,
certainly, such love is very peaceful.
စိတ်တိုင်းကျလည်း ချစ်ခွင့်ရှိတယ်...
ဂရုစိုက်ခွင့်ရှိတယ် ။
you may love to your heart's content,
and take care of them as you wish.
ကိုယ်သူ့ကို သိပ်ချစ်တယ်
ဒါကြောင့် ချစ်တယ်ဆိုတဲ့ နေရာမှာပဲထားခဲ့တယ်...
i love her very much,
so i've left it at that stage called love.
မြန်မာစာသား - မိုးမြင့်မာန်
Translation: ST
Picture credit - Pixabay
credit to Dr.Soe Than

