အချစ်နဲ့ အမုန်းမှာ
ဘယ်ဟာက အရှုံးလဲ

အမုန်းလို့ ကျမ ဖြေမယ်။

ဒါကြောင့် ကျမက
လူတွေကို မမုန်းမိအောင်နေတယ်။

လူတွေရဲ့ အမုန်းကို
အပြုံးသန့်သန့်နဲ့ လက်သင့်ခံပေးတယ်။

မုန်းရလို့ ခွန်အားတွေ ကုန်မယ့်အစား
ချစ်ရသူတွေအတွက် ဆတိုးပြီး ပြုံးတယ်။

တချို့က ယူဆတယ်
စေတနာက လူတိုင်းနဲ့ မတန်ဘူးတဲ့။

ကျမဆီမှာတော့
လူတိုင်းနဲ့တန်တဲ့ စေတနာတွေရှိပါတယ်။

စေတနာနဲ့ ထိုက်တန်သူတိုင်း
ကျမဆီကနေ တခုမဟုတ်တခု ရကြပါလိမ့်မယ်။

လိုအင်နဲ့ ပေးနိုင်စွမ်း မကိုက်လို့
မှန်းထားသလောက် မရကြတာလည်းရှိမယ်။

မထိန်းသိမ်း မစောင့်ရှောက်တတ်လို့
ရပြီးမှ ဆုံးရှုံးသွားတာတွေလည်းရှိမယ်။

အထွေအထူး ပြောရန်မရှိ
ကျမ တနိုင်စာ အသိ အရတော့

စေတနာ ဆိုတာ လက်ခံသူနဲ့ သက်ဆိုင်တယ်။

#khaing 🌻