ပန်းပွင့်
_____

ဝါနုချပ်လွှာ
သိမ်မွေ့ကာနှင့်
ယဉ်စွာဖူးဝင့်
ပန်းတပွင့်။

ဝတ်ဆံထုံသင်း
မွှေးပျံ့ခြင်းနှင့်
သန့်ရှင်းဂုဏ်တင့်
ပန်းတပွင့်။

နွဲ့နှောင်းရိုးညှာ
စိမ်းဖန့်ကာလျှင်
ခိုင်မာထည်ဝင့်
လှလွန်တင့်သည်

သခင်သာခူးခွင့်
ထိုပန်းပွင့်။

#khaing 🌻