ဖြစ်တတ်တဲ့သဘောတွေပါလို့ သိရင်း
ဖြစ်လာမှတော့ ရင်ဆိုင်ရုံပေါ့လို့ ခံယူရင်း
လက်သင့်ခံလိုက်
ရှောင်တိမ်းလိုက်
ဘာနံ့မှ မရတော့တဲ့ လေထုကပဲ ပိုပြီး အဖိုးတန်နေသလိုလို
ရေနဲ့မြောချလိုက်တဲ့ အာဟာရတွေကပဲ ကျေနပ်စရာ ကောင်းနေသလိုလို
ခံစားချက်မဲ့ခြင်းဟာ ကိုယ့်တကိုယ်စာ အရာရာအတွက် သက်တောင့်သက်သာ။ ။
#khaing 🌻
Like
Comment
Share

