ထောင်ကျနေသော အပြုံးတစ်ချို့

ဖြူစင်ပါတယ်ဆိုတဲ့အရွယ်မှာ
အရုပ်တစ်ခုကြောင့်
အပြုံးတွေ ထောင်ကျခဲ့ဘူးတယ်
အဲ့တုန်းကတော့ ထောင်ဝင်စာက
မေတ္တာတရားအချို့.....

အရွယ်ရောက်လာတော့
မောဟ တစ်ချို့ကြောင့်
အပြုံးတွေ ထောင်ကျသွားခဲ့တယ်
ဒီတစ်ခါ ထောင်ဝင်စာက
လှောင်ရယ်သံ တစ်ချို့....

လောကဓံကို
လာဘ်ထိုးလို့မရတာ နားလည်လာတဲ့အခါ
တရားရိပ်မှာ
မောဟကို ငါထောင်ပြန်ချလိုက်တယ်
ငါ့အပြုံးလေး လွတ်မြောက်ပါစေတော့.....

အပြုံးထောင်ကျခဲ့သူများအတွက်
စေတနာအမှန်ဖြင့်
#အဖိုးလေး

image