မလုံလောက်တော့ခြင်း များစွာထဲမှာ အောက်ဆီဂျင်တော့ မပါသင့်ဘူးမဟုတ်လား။
စိတ်ရော လူပါ နာရလွန်းလှပါပြီဆိုရင်လည်း ကျမ ပြန်ရမှာက
သူများတွေ သည့်ထက်ဆိုးတာပေါ့ရယ်၊
နင်က အများကြီး တော်ပါသေးတယ်ရယ်၊
ကိုယ်က ပြန် နားထောင်နှစ်သိမ့်ပေးရုံမက ပြောမိတဲ့ပါးစပ်ကို အရှက်ပါရစေတဲ့ ဆင်းရဲခြင်းများစွာရယ်။
သည်လိုနဲ့ကျမက မရယ်နိုင်တော့တာကိုတောင် အပြစ်တခုလို ခံစားတတ်လာရတယ်။
ဘာကိုမှ မယုံတော့တဲ့အခါ မှန်ရှေ့ရပ်ဖို့တောင် အားမရှိတော့အောင်ပါပဲ။
#khaing 🌻
6th April, 2024
Like
Comment
Share

