ငါ့ကိုယ်ငါ ပြန်ရရင်ပေါ့

ခြံကျယ်ကျယ်လေးဝယ်မယ်
အိမ်ကျဉ်းကျဉ်းလေးဆောက်မယ်

ရေတွင်းနက်နက်တူးမယ်
ငါးကန်တိမ်တိမ်လေးလုပ်မယ်

ခြံစည်းရိုးကို လုံအောင်ပိတ်မယ်
ပြတင်းတံခါးတွေ ဖွင့်ထားမယ်

ပန်းပင်မျိုး စုံအောင်စိုက်မယ်
မိခင်တယောက်တည်းကိုပဲ သက်ရှိဘုရားအဖြစ်ထားမယ်

စာအုပ်တွေအများကြီး ဖတ်မယ်
ယောက်ျားတယောက်တည်းကိုပဲ မြတ်နိုးစွာချစ်မယ်

ငါ့ကိုယ်ငါ ပြန်ရရင်ပေါ့။

#khaing 🌻
4th April, 2024