အရင်ကထက်ပိုရယ်မောတတ်လာတယ်
အနည်းဆုံးတော့ လောကကြီးကိုလှောင်ပြောင်ဖို့လိုအပ်တယ်လေ

အရင်ကထက်ပိုဖော်ရွေတတ်လာတယ်
ကိုယ့်ဘေးမှာရှိတဲ့ အပေါ်ယံတွေအတွက် ကိုယ်ဟန်ဆောင်ကောင်းရမယ်လေ

အရင်ကထက်ပိုမာကြောလာတယ်
ကိုယ့်မှာရှိတဲ့အားနည်းချက်တွေကို ဘယ်သူမှဖိမနင်းနိုင်အောင် ကိုယ်ကာကွယ်ရဦးမယ်လေ

အရင်ကထက်ပိုပွင့်လင်းလာတယ်
ကိုယ့်ရဲ့Dark Sideအတွက် ကိုယ်ထွက်ပေါက်ပေးဖို့ကြိုးစားရဦးမယ်လေ

ပြီးတော့ အရင်ကထက်ပိုမာနကြီးလာတယ်
ကိုယ့်ရဲ့ဒဏ်ရာဒဏ်ချက်တွေအတွက် ဖြေဆေးတစ်ခွက်တော့ ရှာကိုရှာဖွေရဦးမယ်လေ

#credit

image