#ရန်သူတော်တွေ_ဦးညွှတ်စေ
ဆံစတွေကအစ
ခြေလှမ်းတွေအဆုံး
တက်ကြွနေဆဲ
နှလုံးသားနဲ့ပြောတယ်
အသွေးအသားနဲ့လုပ်တယ်
ဘေးနားကလူတွေ ဘာပြောပြော
ရင်ကြားစေ့ရေးကလွဲပြီး
အနာကို ပြန်မဆွဘူး။
တိုင်းပြည်ရဲ့အရေးဟာ သူ့အရေး
တိုင်းပြည်ရဲ့ အရာဟာ သူ့အရာ
မေတ္တာတရားနဲ့ နေထိုင်တယ်။
တစ်လုတ်စားရရင် တစ်လုတ်ပြန်ကျွေးတယ်။
မနိုင်ဝန်ထမ်းထားတယ်။
ဦးနင်းလို့ပဲ့ထောင်
ပဲ့နင်းလို့ ဦးထောင်နေပေမယ့်
လှော်တက်မချ
ရည်မှန်းထားတဲ့ခရီးရောက်ဖို့ လှော်နေဆဲ။
မလုံတဲ့ခေါင်တွေကို ဖာထေး
ညာတာပါတေးတွေကိုလည်း သိတယ်။
ရန်သူတော်အပေါင်းကို ဦးမညွှတ်
ရင်ကော့ပြီး အံတု
လာတုသူတွေ လဲပြိုသွားမယ်
အမေကတော့ ပန်းပန်လျက် အပြုံးမပျက်ကွဲ့။
#ဏီမိုးဝေ
၇၉နှစ်မှ သက္ကရာဇ်ထောင်ချီဆီသို့
(ကဗျာဆရာဏီမိုးဝေ၏ အမေစုမွေးနေ့ကဗျာ)
喜欢
评论
分享

