ပင်ပန်းမှု တချို့က
ကျွန်မတို့ကို တိတ်ဆိတ်စေပါတယ်။
ဒီနေ့ နည်းနည်းလေး ပင်ပန်းတယ်လို့
ခံစားရတုန်းက အချင်းချင်း ရင်ဖွင့်လို့
ရနိုင်မယ့်သူကို လိုက်ရှာခဲ့ဖူးတယ်။
စိတ်ညစ်စရာ တစ်ခုခု ကြုံလာရင်
ဘဝကို အရှုံးပေးချင်စိတ်တွေ ဖြစ်ခဲ့ဖူးတယ်။
တစ်စုံ တစ်ယောက်နဲ့
မကြေနပ်စရာ တစ်ခုခု ရှိလာရင်
ပေါက်ကွဲပြီး ဆူဆူ ညံညံလုပ်ခဲ့ ဖူးတယ်
ပြဿနာ သေးသေးလေးတွေ ကိုလည်း
ပုံကြီးချဲ့ပြီး ဒေါသတွေ ဖြစ်ခဲ့ဖူး ပါတယ်။
အခုနောက်ပိုင်းမှာ စိတ်တွေ လေးလံလာရင်
အရာအားလုံးကို လွှတ်ချ ချင်လာတယ်။
အံကြိတ်ပြီး ခံစားနေတာ မလုပ်ချင်တော့ဘူး။
စိတ်ရော လူပါ ပေါ့ပေါ့ပါးပါး ရှိချင်တယ်။
တကယ်တော့ ပိုပိုပြီး ပင်ပန်းလာတဲ့ အခါ
အရင်ကလို အဖော်တွေ မရှာဖြစ် တော့ဘူး
ဖြေရှင်းတာတွေ မလုပ်ချင်တော့ဘူး။
အမုန်းပဲ ဖြစ်ဖြစ် အရှုံးပဲ ဖြစ်ဖြစ်ဂရုမစိုက်ပဲ
ကိုယ်က အလိုလို တိတ်ဆိတ်လာတယ်။
တချို့ကတော့ ပြောပါတယ်။
ဒါဟာ ပြိုလဲသွားတဲ့ လက္ခဏာ တဲ့"
ကျွန်မ တို့ တွေ ဟာ ~~
အိမ်ပြန်နေကျ စီးတဲ့ ရထား ကိုတောင်
တစ်ခါတလေ မှားစီးမိကြ သေးတာပဲလေ"
ဘဝဆိုတာ ရထား"စီးသလိုပါပဲ
တစ်ခါတလေလည်း မှားစီးမိကြတယ်။
ဘယ်လောက်ပဲ သန်မာ"ပါတယ် ပြောပြော
ပြိုလဲကျတဲ့ အချိန်ဆိုတာလည်း ရှိမှာပဲ။
အဓိက"က ကိုယ့်တာဝန်ကိုယ် ယူပြီး
အိမ်ကို ရောက်အောင် ပြန်လာခဲ့ သလိုမျိုး"
ကိုယ့်ကိုယ်ကိုယ်သာ အားကိုးပြီး
ပြန်ထလာနိုင်အောင် ကြိုးစား ဖို့ပါဘဲ"
%%%%%%%%%
ချစ်သောရင်ငြိမ်းပန်း

