#ကျေအေးခြင်း

မီးရောင်မှိန် အိမ်လေးတွေနဲ့
ငါ့ဝိဉာဉ်ကို ပြန်နွှေးမယ်

စိမ့်တောထဲက
ငါ့ နှလုံးသားငှက်ကလေး
မိုးမခသစ်စေ့လေးကို ကိုက်ချီလာပြီ

ပြုံး၍လက်ခံခဲ့ရသော ဒဏ်ရာများကနေ
ငါ့ မှတ်ဉာဏ်တွေ ထွက်ခွာလာပြီ

အဝေးရောက်နေတဲ့ ငါ့ခြေထောက်တွေ
အိမ်ကိုခေါ်သွားမယ့် လမ်းလှေလေးပေါ် ရောက်ပြီ

ငါ့ရဲ့ မရပ်တန့်နိုင်သော မိုက်မဲမှုလေးရေ
အားလုံးဒီတင်ပြီးပါပြီ

ကမ္ဘာဟာ ဘာလဲလို့ မမေးတော့ဘဲ
ငါဟာ ကမ္ဘာပဲဆိုတာ သိလာပြီ ။

Crd - မြကျေး

စက်တင်ဘာ ၁၇ ၊ ၂၀၂၃