#ဘုရားနဲ့_အရင်သွားတွေ့တဲ့_အဘိုး_သို့
ဘုရားနဲ့ အရင်သွားတွေ့နေတဲ့
အဘိုး ရေ
ဘုရား က ဘယ်လိုမျိုး လဲ
သာမန်လူတွေ ကို သိရဲ့ လား
စိတ် သိပ်များနေသလား
အလုပ် သိပ်ရှုပ်သတဲ့လား
ဘုရား နားပေါက်အောင်
လျှောက်ခဲ့ပါဦး
မြသွဲ့သွဲ့ခိုင်အကြောင်း ကြားမိသေးလား
ဝေယံထွန်း အကြောင်း ကြားမိသေးလား
ကြယ်စင် အကြောင်း ကြားမိသေးလား
ကဗျာဆရာ ကေဇဝင်း အကြောင်း ကြားမိသေးလား
ကဗျာဆရာ ခက်သီ အကြောင်း ရော ကြားမိသေးလား
..
..
စစ်ဘေးရှောင် စခန်းအကြောင်း ကြားမိသေးလား
..
..
ကချင်ဆရာမလေး မုဒိမ်း ကျင့်ခံရတာ ရော
.. .... ကြားမိသေးလား
ဘယ် ဘုရားပဲ ကြားကြား
အား တဲ့ဘုရား ဝင်ကယ်ပါ ပြောရအောင်လည်း
ဘုရား အချင်းချင်းရော
စကားစမြည် ပြောကြသေး လား
ဒုက္ခကို ပန်းလို ပန်နေကြရတဲ့ အာရှနိူင်ငံလေး အကြောင်း ပါ ပါရဲ့ လား ..
ဓမ္မ နဲ့ အဓမ္မ မှာ ရော
တဆိတ်
အရှင်ဘုရား ဘယ်လို တရားပြန်ပြလိုပါသလဲ
ဓမ္မ ပဲ အနိုင်ရမယ် ဆို
ခု ဓါးမြတွေ ဒေဝဒတ်လို မြေမျိုပြီးမှ
မြို့ပေါ် လမ်းသလားနေလိုက်တာများ
ခိုး တဲ့သူက ပေါ်တင်ခိုး
လု တဲ့ သူက ပေါ်တင်လု
သတ်တဲ့သူ က ပေါ်တင်သတ်နဲ့
ခေတ်သစ် ဝေသာလီဇာတ်ကြီး ကျနေတာပဲ
ဘုရားခန်း လှည့်လည်ပါဦး
ဒူး ထက်ကျော် လို့ မော်ဖူးချင် လို့ပါ
တင်ပြစရာ ဟာ ရင်နဲ့ မမျှဘူး
လျှောက်ထား စရာ ဟာ လည်း
ချောက်ချား စရာတွေ ပဲ ရှိတော့လို့ပါ...။
#နက္ခတ်

