လောကမှာ_

ကောက်ကျစ်တဲ့သူတွေပဲ
လူမုန်းများမယ်ထင်ခဲ့တာ။
တကယ်တော့
ရိုးသားလွန်းတဲ့သူတွေကိုလည်း
တော်တော်များများက မလိုလားကြပြန်ဘူး ။

ပျင်းတဲ့သူတွေကိုပဲ
လူတွေမကြိုက်ကြဘူးလို့ထင်ခဲ့တာ။
တကယ်တော့
တကယ်ကြိုးစားတဲ့သူတွေကိုလည်း
ကြည့်မရကြပြန်ဘူး ။

တုံးအတဲ့သူတွေပဲ အထင်သေးခံရတယ်ထင်ခဲ့တာ။
တကယ်တော့
ထက်မြက်တဲ့သူတွေကိုလည်း
အမြင်ကပ်ကြပြန်ရော...

အရည်အချင်းမရှိတဲ့သူတွေကိုသာ
နေရာမပေးချင်ဘူးထင်ခဲ့တာ။
တကယ်တော့
အရည်အချင်းရှိတဲ့သူကျတော့လည်း
မနာလိုဖြစ်နေပြန်ရော ။

တကယ့်လက်တွေ့လောကမှာ_
လူတစ်ယောက် ကောင်းမကောင်း
သတ်မှတ်တဲ့စံနှုန်းဟာ
သူတို့အလိုကို ဘယ်လောက်အထိ
လိုက်လျောပေးနိုင်သလဲဆိုတာနဲ့ပဲ
တိုင်းတာလာကြတော့တာပဲ ။

အရေးကြီးဆုံးကတော့
ကိုယ့်ကိုယ်ကို ပျောက်ဆုံးမနေဖို့ပါပဲ ။ ။

#crd_to_owner_with_respect

image