ခန္ဓာကိုယ်မှာ သိပ် နာလာတဲ့အခါ ဦးနှောက်က ကာကွယ်ပေးသတဲ့။

သတိလစ်သွားတဲ့နည်းနဲ့လေ။ သဘာဝရဲ့မေ့ဆေးပေါ့။ ပြန်နိုးတဲ့အချိန်မှာ ခန္ဓာက နာနေသေးပေမဲ့ စိတ်က အနာကို အန်တုနိုင်နေပြီ။ ဒါကို အလွယ်စကားနဲ့ပြောရင် "ငါ မသေသေဘူး" ၊ "သူမသေသေးဘူး" စသဖြင့်ပေါ့။ ပြန်အန်တုနိုင်စွမ်း မရှိတော့တဲ့ ခန္ဓာတွေကျတော့ ပြန်မနိုးတော့ဘူးကိုး။

ဒါကို သေခြင်းတရားလို့ခေါ်တယ်။ အိပ်နေရာက မနိုးတော့တာ၊ တရားမှတ်ရင်းဘဝကူးသွားတာ စတဲ့ ဖြစ်စဉ်တွေကလွဲလို့ သေခြင်းတရားရဲ့ ရှေ့ကပ်လျက်မှာ သေလောက်အောင်နာတဲ့အနာတခုခု ရှိကို ရှိပါတယ်။ ဒါကို ရှုမှတ်နိုင်တဲ့သူက ဘဝနေဝင်ချိန်ကို အနိုင်နဲ့ပိုင်းနိုင်သူလို့ ပြောရမယ်ထင်တယ်။

နောက်ဆုံးထွက်သက်အချိန်မှာ သည်သဘောတရားလေးကို ပြန်မှတ်မိချင်တယ်။

ချစ်သူတွေ၊ ရန်သူတွေ၊ လုပ်ရမှာတွေ၊ လုပ်ချင်တာတွေ.... နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် ငါက ဘယ်သူဘယ်ဝါ ဆိုတာအထိ မေ့သွားခဲ့ရင်တောင် နေဝင်ချိန်ကို အနိုင်ပိုင်းနည်းလေး ဖြတ်ခနဲဖြစ်ဖြစ် ပြန်မှတ်မိချင်တယ်။

#khaing 🌻