#နားမလည်ဘူး
စကားပြောဖို့
ပင်လယ်ဆီသွားစရာမလိုပေမဲ့
စကားပြောတိုင်း
ပင်လယ်ရေမျက်နှာပြင်နဲ့ ညှိပြောရတယ်
စကားမှာ ဖိအားရှိတယ်
ရေပေါ် အကုန်မပေါ်ဘူး
တွက်ချက်ရခက်တဲ့ floating ပုစ္ဆာတွေလို
ကျမပြောသမျှ
ရှင် အဖြေရှာလိုက်ပုံက
ရေပေါ်တက်လာတဲ့ မြင်သာထုထည်လို
ရှင် ပြောသမျှ
ကျမ တွက်ချက်လိုက်ပုံက
တိမ်မြှုပ်အစိုင်အခဲလို
အဖြေမတူတော့
စကားတွေသာပြောနေရတယ်
ဘာမှလည်းပါမလာဘူး ။
#မြကျေး
အောက်တိုဘာ ၂ ၊ ၂၀၂၁
Like
Comment
Share

