blank  gedeeld  post
6 jr

Coronavirus ကိုရိုနာဗိုင်းရပ်စ်ကနေ ကိုယ်ခန္ဓာကို ဘယ်လိုတိုက်ခိုက်သလဲ

ဆေးရုံရောက်လာ လူနာ
၉၉% တို့မှာ နူမိုးနီးယား ခေါ် အဆုတ်ရောင်ကြတယ်။
၈၂% က ဖျားတယ်။
၈၁% ချောင်းဆိုးတယ်။
၃၁% အသက်ရှူမဝ။
၁၁% ကြွက်သားတွေနာ။
၉% စိတ်မကြည်မလင်ဖြစ်။
၈% ခေါင်းကိုက်။
၅% လည်ချောင်းနာ။

၂၉-၁-၂၀၂၀ နေ့ထိ ကူးစက်ခံရသူစုစုပေါင်း ၇၇၁၁ ယောက်ရှိပြီ။ ၁၅ နိုင်ငံကိုရောက်နေပြီ။ အိန္ဒိယမှာ ပဌမဆုံး ကူးစက်ခံရသူကို ကယ်ရယ်လာမှာ တွေ့တယ်။

ရုရှားက ၂၆၇၀ မိုင်ရှည်တဲ့ တရုပ်နဲ့နယ်စပ်ကို ပိတ်လိုက်တယ်။ စင်္ကာပူကိုပြန်လာသူတွေကို Pulau Ubin ကျွန်းမှာ ထားဦးမယ်။ ယူအက်စ်မှာ လူ ၂၀၀ လောက်ကို ကာလီဖိုးနီးယား စစ်အခြေစိုက်စခန်းမှာ အနည်းဆုံး ၇၂ နာရီထားတယ်။

ကာကွယ်ဆေး ထုတ်နိုင်အောင် ကြိုးစားနေကြတယ်။

မခိုင်မာတဲ့သတင်းတွေ မတင်သင့်ပါ။ မယုံသင့်ကြပါ။ အင်္ဂလိပ်လိုဖြစ်ဖြစ် မြန်မာလိုဖြစ်ဖြစ် ကျွန်တော့်ဆီ မပို့ကြစေလိုပါ။

ဒေါက်တာတင့်ဆွေ
၃၀-၁-၂၀၂၀
Credit: #drtintswe

image
image