ကြိုး

စိတ်ကုန်တယ် ဆိုပြီး
ဘယ်အဝေးကြီးမှ ပြေးမထွက်နိုင်ကြ

ဘဝကို
အချစ်ကို
မမြင်ရတဲ့ အနာဂတ်ကို
ကိုယ့်အလိုဆန္ဒ မီးခိုးတန်းများကို

ချုပ်နှောင်ခံရခြင်းနှင့်
ထွက်မပြေးတတ်ခြင်းမှာ
ဘယ်အရာက ပိုပြတ်ရှပါသလဲ

#မြကျေး

image