အကြိုက်ဆုံး ဘဝအကန့်လေးရယ်
အပျော်ဆုံး သေးငယ်အခိုက်အတန့်လေးရယ်
ငါ သိမ်းထားတယ်

ဟိုမှာ ဒီမှာ
လက်လွတ်ကျပျောက်တာလေးတွေ
ငါ သိမ်းထားတယ်

အဲဒါတွေဟာ
ဝမ်းနည်းစရာ ဖြစ်စေအုံးတော့
ငါ သိမ်းထားတယ်

ဘေဘီရေ
ငါဟာ အတိတ်စွဲလမ်းတဲ့ တစ္တေ။

မြကျေး