"မိုးတွေနဲ့အတူလိုက်ရွာချင်တာကလွဲရင်
တနင်္ဂနွေပါပဲ”
ဆုတံဆိပ်ရသွားတာနဲ့
စစ်သူရဲအိုဟာ ဒဏ်ရာတွေ ပြန်ကောင်းသွားပါ့မလား
ဝမ်းသာဂုဏ်ယူကြောင်းသဝဏ်လွှာ
စိတ်ဓာတ်ပေါင်းများစွာ စာလုံးပေါင်းမှားနေတာ ခက်တယ်
ရေးခြစ်သမျှ ပန်းချီ မဖြစ်ခဲ့ရင်တောင်
မမေ့သင့်တဲ့အတိတ်ကို သမိုင်းလို့ခေါ်ရမလား
ဒါဆို ပြန်ပြောတဲ့အခါ မရိုင်းအောင်
အနည်းဆုံးတော့......
အသီးနုနုလည်း မခူးစေချင်ဘူး
အရိပ်ကြီးကြီးမှာလည်း နေရာမဦးစေချင်ဘူး
နောင်.....
တနင်္ဂနွေကျရင်
မိုးတွေနဲ့အတူလိုက်ရွာချင်ခဲ့ဖူးကြောင်း ပြောပြရဦးမယ်
PK(ကျောင်းစောင့်ကြီး)
Like
Comment
Share

