ကြုံလာသမျှ ကိုယ်ထင်မပြချင်တဲ့အခါ
အားလုံးကောင်းပါတယ်ပေါ့လေ
အသည်းတွေ အံ့ဩရုပ်ပုံတွေ
ချိုသကာစမ်း မှတ်ချက်တွေ
1k 2k
အဲဒီ ပြတင်းပေါက်ကို ပိတ်လိုက်တော့မှ
ကမ္ဘာဟာ ဘယ်လောက်ကျဥ်းသွားကြောင်းသိရ
ဘယ်လောက်ကျဥ်းသလဲဆို
မနက်ခင်းရယ် ကျွန်မရယ်
နေ့လယ်ရယ် ကျွန်မရယ်
ညရယ် ကျွန်မရယ်
တကယ့် အစစ်မှာ
ကျွန်မဟာ အင်မတန် သေးငယ်လာ
ပုခုံးစွန်းမှာ တင်နေတဲ့ ဖုန်မှုန့်လေးလို
ရေငွေ့ဖြစ်တော့မယ့် ရေစက်လေးလို
ကျွန်မက တဖြည်းဖြည်း သေးသေးသွား
နောက်ဆုံး
ဂန္ဓမာပန်း အဝါရောင်တစ်ပွင့်ရဲ့ ဝတ်ဆံထဲ
တစ်ကိုယ်လုံးချုံ့ပြီး ဝင်နေရတော့တယ်
ဘယ်သူ သိနိုင်မှာလဲ
ပျော်ခြင်း မပျော်ခြင်းက
ခေါင်းနဲ့ ပန်းလောက်ဝေးတယ်။
မြကျေး
Synes godt om
Kommentar
Del

