ဟိုးရှေးရှေးတုန်းက ပုံပြင်တွေထဲမှာတော့ နှစ်ပြည်ထောင်မင်းများ စစ်ခင်းကြရင် ရန်သူ့တိုင်းပြည်ကို ဝိုင်းကြီးပတ်ပတ်ရံ ပိတ်၊ ပြည်သူတွေ အစာရေစာ ပြတ်အောင် ထားကြသတဲ့။ ငတ်လာတဲ့ ပြည်သူက ဘုရင်ခေါင်းယူ ဝိုင်းထားသူကို ဆက်သ။ အဲ့သည်လိုနဲ့ ပွဲပြတ်ရော ဆိုပါတော့။
တကယ်ဆို ကျမတို့တိုင်းပြည် အနေထားက နှစ်ပြည်ထောင်ခင်းတဲ့ စစ်တောင် မဟုတ်ဘူး။ ကိုယ့်အသွေး အသက် ပိုင်ဆိုင်မှုနဲ့ လူ့အခွင့်ရေး ကိုယ့်လက်ထဲ ပြန်ရောက်ဖို့ ခင်းနေရတဲ့အရေးပဲ။
သို့သော်လည်း ကြုံလာတဲ့ အငတ်ဘေးမှာ နီးရာလူသာ ဟင်းစား ဖြစ်ချေရော့မယ့်ကိန်း။
#khaing 🌻
ရက်စွဲ - ရန်ကုန်တမြို့လုံး Wave Money ထုတ်မရတဲ့နေ့
Мне нравится
Комментарий
Перепост

