နာရေးသတင်းတွေပြည့်နေတဲ့ သတင်းစာမှာ
ဟာသ၀တ္ထုတစ်ပုဒ်ဖတ်လိုက်ရသလို
ရယ်စရာတွေကလည်း ငိုချင်စရာကြီး၊
မပျော်တဲ့ လူတွေကြားထဲ
ပျော်တဲ့လူကို လိုက်ရှာကြည့်ရင်း
လူမသေဖူးတဲ့အိမ်က မုံညှင်းစေ့လို
မြို့ကလေးမှာ ကမ္ဘာက နှစ်ခြမ်းကွဲသွားတယ်၊
ဘယ်မှာလဲ ဧရာ၀တီ၊
ဘယ်မှာလဲ သယံဇာတ၊
ဘယ်မှာလဲ ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်း၊
ဘယ်မှာလဲ ယဉ်ကျေးမှု၊
ဘယ်မှာလဲ ထေရဝါဒ၊
ဒီငရဲက လွတ်ရင်
ဒီလူတွေလည်း ရှိချင်မှ ရှိတော့မှာ၊
အသက်တွေကတိုပါတယ်၊
ငရဲက အရှည်ကြီး၊
အနှစ် ၇၀ ကျော် ။
#ဘယ်မှာလည်းပြည့်သူ့နိုင်ငံတော်
#ရိုးနီ
ဩဂုတ်၈/၂၀၂၄
Mi piace
Commento
Condividi

