2.9.24

သတိရခြင်းဟာ
နေ့စဉ် ပန်းလိုပွင့်ပါတယ်
မနက်လင်းတိုင်း မင်္ဂလာနံနက်ခင်းပါ
တစ်နေ့တာ အထိအခိုက် နည်းပါစေ
ညအိပ်ချိန်တိုင်း ကောင်းသောညပါ
အိပ်မက်လှလှ မက်ပါစေ
အဲဒီထက်ပိုတဲ့ စကားလုံးတွေ ရှိနေလည်း
ပြောလိုသော စကားများက
အဲဒီထက်ပိုပြီးလည်း ရှိမနေခဲ့ပါ ။

#မြကျေး

image