6.9.24
လက်ယက်ကုန်းတုန်းက
အနန့်ပါတုန်းက ပဇီကြီးတုန်းက...။
နောက်တကြိမ် နောက်တနေရာမှာ
ထပ်ဖြစ်လာတဲ့အခါ နမ်းခမ်းလည်း
အဲ့ဒီတုန်းက စာရင်းဝင်သွားမှာ....။
လက်သီးဆုပ်ရုံ
အံကြိတ်ရုံ ၊ နာကျင်ဝမ်းနည်းပြရုံနဲ့
ဘယ်အာဏာရူးကိုမှ ထူးမခတ်နိုင်ဘူး...။
ဒါဟာ ငါတို့ဝတ္တရားမဟုတ်
နိုင်ငံသားတိုင်း မဖြစ်မနေလုပ်ရမယ့်တာဝန်လို့
လေးလေးနက်နက်ကြီး ခံယူကြစမ်းပါ...။
ကိုယ့်မထိလို့ မသိကြသေးရင်
ကိုယ်မဟုတ်လို့ မလှုပ်ကြသေးရင်
ကိုယ့်မနာလို့ မပါတတ်ကြသေးရင်
အာဏာရှင်ငရဲဟာ
ခင်ဗျားတို့အိမ်ထဲအထိ ရောက်လာလိမ့်မယ်...။
#ဝေးလ်
پسند
تبصرہ
بانٹیں

