blank  is feeling Funny
5 yrs

Excerpt; သင်္ကြန်သီချင်းတွေနားထောင်ရင်း
စိတ်ကူးတွေယဉ် ထိပ်ဖူးတွေကျဉ်ပြီး
သိပ်မြူးဖို့ပြင်နေကြမှာစိုးလို့
ညယ်လေးတို့ ညယ်မလေးတို့အတွက် 😉

~~~~

သင်္ကြန်မှာဇာတ်လမ်းဖြစ်တယ်တို့
သင်္ကြန်မှာရည်းစားရတယ်တို့ဆိုတာ
နေအောင် ခင်သန်းနုခေတ်မှာကျန်ခဲ့ပြီ...

ခုခေတ်က
စော်တွေကိုကြည့်ရင်
ဆံပင်ကိုကျစ်ဆံမြီးတစ်ခေါင်းလုံးကျစ်
မိတ်စကပ်တွေပြာနှမ်းနေအောင်လိမ်း
ဂျင်းအင်္ကျီအောက်က
အုန်းသီးနှစ်လုံးတရမ်းရမ်းနဲ့
ဘဲတွေနဲ့အပြိုင်အရက်မူးပြီး
ပေါင်တွေကွ ဒူးတွေရမ်းပြီး
ဒွန့်နေတဲ့စော်တွေချည်းပဲ...
ပြာနှမ်းပြီးခါရမ်းနေတဲ့ဟာတွေနဲ့
ဘယ်သူမှဇာတ်လမ်းမဖြစ်ချင်ကြဘူး

ဗိုင်းကောင်းကျောက်ဖိ စော်တွေကျတော့လည်း
နို့တွေဖင်တွေပေါ်မှာစိုးလို့
ရှိသမျှစောင်တွေအကုန်ခြုံ
နေကာမျက်မှန်ကြီးတွေတပ်ပြီး
အကိုတွေ မောင်တွေ ဦးလေးတွေဝန်းရံပြီး
ရေပက်ခံထွက်ကြတာ...
ကားနားသွားကပ်တာနဲ့ လိပ်စာသိရဖို့နေနေသာသာ
ဘော်ဒီဂတ်တွေက ရေပြွတ်နဲ့ရိုက်ရင်ရိုက်
မရိုက်ရင်ရေခဲတုံးနဲ့ကောက်ထုမယ့်အထာဆိုတော့
မနှစ်ကပေးတဲ့မင်းလိပ်စာ ဘာညာဆိုတာ
အလကား...ဂျင်း

မဏ္ဍာပ်ထိုင်ရင်လည်းတွေ့မယ်မထင်နဲ့
All days ကို နှစ်သိန်းကျော်ပေးဝယ်နိုင်တဲ့စော်က
စင်အောက်က ဟေး..ဟား..တွေကိုစိတ်မဝင်စားဘူး
များသောအားဖြင့် သူတို့က
Ticket စပွန်ဆာပေးတဲ့သူနဲ့လာကြတာ
အဲဒီတော့စိတ်လျော့
စင်ပေါ်ကမေသန်းနုက ကနေရင်း
ဇင်ဝိုင်းဘယ်အချိန်လာမလဲလို့
စောင့်နေတဲ့ခေတ်မဟုတ်တော့ဘူး
သဘောပေါက်ကြ....

ညယ်မတို့ကလည်း
မိတ်စကပ်တွေလျှော့လိမ်းကြ...
မှန်အသေးလေးဆောင်ထား
၁၅မိနစ်တစ်ခါ မှန်ထုတ်ထုတ်ကြည့်
ပြာနှမ်းပြီး ဘယ်လာကတစ်ကွက် ရွှေပြည်နန်းကတစ်ကွက်နဲ့
မုန့်လင်မယားဒယ်အိုးလို
မညီမညာဖြစ်နေလားကြည့်ကြ...မကြာမကြာ..

ဘဲတွေကိုလည်း မယုံကြနဲ့
ကိုယ့်နားကို ရစ်သီရစ်သီလာလုပ်တိုင်း
ကိုယ့်ကြိုက်တယ်လို့ချည်း ထင်မနေနဲ့
ဖုန်းအလစ်သုတ်မလို့ဖြစ်နိုင်သလို
အရက်လာတောင်းတာလည်းဖြစ်နိုင်တယ်
လစ်ရင်လစ်သလို
နို့ကိုင် ဖင်ကိုင်သွားတဲ့ကောင်လည်းဖြစ်နိုင်တယ်
သူတို့တောင်သူတို့အနိုင်နိုင်
နေပူပူမှာ ရေကလည်းကုန် အရက်ကလည်းကုန်
အမြည်းကမရှိ $ဆံကမရှိနဲ့
မူးရူးပြီးမနည်းကနေရတာ....

ညယ်မတို့လိပ်စာကို ဘယ်သူမှမမှတ်နိုင်ဘူး
ဖေ့စဘုတ်အကောင့်ကိုလည်း
သူတို့ဖုန်းရေအစိုခံပြီး
ဘယ်သူမှမမှတ်ကြဘူး...

ရှာပုံတော်မင်းသားကြီးဆိုတာလည်း ဂျင်း
ဒီလောက်ပေါလောနေတာ
မနှစ်ကလူကို ဒီနှစ်ပြန်ရှာရအောင်ဇွဲမရှိကြဘူး
ပိတောက်ဖူးလေးတွေလည်း မပန်ကြတော့ဘူး
ဟေ့...ဟေ့..နွေမလို့လည်း လိုက်မခေါ်ကြတော့ဘူး
ဟော..ဟော..ဟောတော့ ဗြန်းခနဲဆိုပြီး
ရေမလောင်းကြတော့ဘူး
(ရေရှားပြီးသင်္ကြန်တွင်းတောင်မီးပျက်လို့)

အဲဒီတော့ သင်္ကြန်မှာရည်းစားရမယ်လို့
ထင်နေတာလေးတွေလျှော့
COVID 19 ကလည်း
ရှိသလိုလို မရှိသလိုလိုနဲ့မို့
သင်္ကြန်ပွဲကလည်းရှိမလိုလို မရှိမလိုလိုနဲ့
ဘယ်မဏ္ဍာပ်ထိုင်ရင်ကောင်းမလဲတို့
သင်္ကြန်ဘယ်မှာရှိကြမှာလဲတို့ စာတွေတင်ပြီး
ရည်းစားရတော့မလိုလို မရတော့မလိုလိုနဲ့
စျေးဗန်းခင်းတာတွေကိုလျှော့...

ကောင်လေးချောချောမြင်တိုင်းလည်း
ရင်ခုန်မနေကြနဲ့
သူ့လင်နဲ့သူ ရေပက်ခံထွက်နေကြတာ
ကောင်မလေးချောချောမြင်တိုင်းလည်း
ဖွန်ကြောင်မနေကြနဲ့
သူ့စပွန်ဆာနဲ့သူ ကဲနေကြတာ

အာ့ကြောင့်
သင်္ကြန်သီချင်းတွေနားထောင်ရင်း
စိတ်ကူးတွေယဉ် ထိပ်ဖူးတွေကျဉ်ပြီး
သိပ်မြူးဖို့ပြင်နေကြမှာစိုးလို့
ညယ်လေးတို့ ညယ်မလေးတို့အတွက်
ရေးပေးရတာ....

ချစ်တဲ့
ကော်ရီးစွာ
Min Yel KyawSwar💙

Read More
image