တတိယဆင့် မရောက်ခင် သတိထားပါတဲ့
မြန်မာပြည် မှာ ကိုဗစ် မရောက်သေးတာ က ဗိုင်းရပ်စ် ပျံ့ နှံ့ ပုံ က social economic layer အလိုက် ဖြစ် နေလို့ပါ
Statistics ရ ပထမဖြစ်တဲ့ ဝူဟန် မြို့ ဟူဘေး ပြည်နယ် နဲ့ တိုက်ရိုက် ဆက်သွယ် မှု မှာ Top 20 မရှိတာ ရော၊ တရုတ်ရဲ့ major trading partner မဖြစ် နေတာ ရော ၊ ပြီးတော့ တရုတ်အစိုးရရဲ့ ခြေချုပ် အမိန့် တွေ က အင်မတန် ကို တင်းကျပ်ခဲ့ပါတယ်။ ဒါကြောင့် ပထမ wave မှာ လွတ်ခဲ့ပါတယ်
တရုတ် ပြည်သူအများစု ခြေချုပ်မိနေတုန်း ဝူဟန် ကို အထင်သေးတဲ့ အနောက် နိုင်ငံအများ စု ဟာ အသွားအလာ မပျက် သလို အမေရိကန် ကလွဲလို့ ကျန်တဲ့ နိုင်ငံတော် တော် များများ က ပြည်ဝင်ခွငိ့ ကို မတင်းကျပ် ကြပါဘူး။ WHO က ဆုံးဖြတ်ချက် မပြတ်သား တွေလည်း ပါမှာပေါ့။ ဒီတော့ အီတလီ က နေ စပြီး Europe တခွင် ပျံ့နှံ့ စေတော့တယ်။ ဒီတော့ မှ ကမ္ဘာကြီး က ဒီ ဗိုင်းရပ်စ် သည် ဖလူ မဟုတ်ဘူး သေနှုန်း အရမ်းမြင့်တယ် ဆိုတာ ကို သိလာတယ် ( ၁၀%)ဒါ မှ မဟုတ် လက္ခဏပြ ရောဂါ သယ်ဆောင် သူ တွေ များနေတာ လည်း ဖြစ်နိုင်။ ဒီ outbreak ကိုတော့ second wave လို့ ခေါ်ရင် ရမယ် ထင်ပါတယ်။ ဒီ ဥရောပ နိုင်ငံ တွေ ရဲ့ ခရီးသွားမိတ်ဖက် နိုင်ငံ တွေ ထဲ မှာ လည်း မြန်မာ နိုင်ငံ က Top 50 တောင် မဝင် တဲ့ အပြင် ယခင် နိုင်ငံပုံရိပ် ကြောင့် မြန်မာနိုင်ငံ ကို လူလာ နည်းတဲ့ အချိန် ဖြစ် နေလို့ သက်သာသွားပါတယ်။ ဒီ second wave မှာ မူလ အရှေ့ အာရှ နိုင်ငံ တွေ မှာ imported cases တွေ ပြန်ကြားလာရပါတယ်။ ဒီ အတွက် lockdown တွေ ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်လာကျတယ် အထူးသဖြင့် စင်ကာပူ၊ မလေး၊ အာဆီယံ နိုငိငံ အတော် များများပါပဲ။ အိမ်နီးခြင်း တွေ ရဲ့ လုပ်ဆောင် မှုကြောင့် ဒီ second wave မှာလည်း မြန်မာ သက်သာနေပါတယ်။
နောက် ဆုံး ကတော့ ဆင်းရဲတဲ့ နိုင်ငံ တွေ အပေါ် ကျလာမယ့် third wave ပါ။
ဘယ်လို third wave ဖြစ်မလဲ ဆိုတော့ မြန်မာ တွေ အလုပ်လုပ် တဲ့ နိုင်ငံ တွေ မှာ စီးပွားနှေးတာ စီးပွားပျက်တာ ဖြစ်ရင် အစုလိုက်အပြုံလိုက် ပြန်လာရင်း ရောဂါ ပါလာရင်း စလာ နိုင်တယ် မှန်းရပါတယ်။ ဒီ third wave ရဲ့ impacts အကြီး အကျယ် က အိမိးနီးချင်း နိုငိငံ နဲ့ ကမ္ဘာ့ နိုင်ငံ တွေရဲ့ comprehensive response အပေါ် မူတည်ပါတယ်။
ဒါကြောင့် အခု သက်သာနေတာ ရာသီဥတု ကြောင့်လည်း မဟုတ်ပါ၊ နဂို အဆိပ်ပြီး နေတာလည်း မဟုတ်ပါ၊ ကိုယ်ခံအား ရှိနေတာလည်း မဟုတ်ပါ။
third wave ကို မြန်မာလို ဖွံ့ဖြိုးဆဲ နိုင်ငံ တွေ မှာ မေလ လောက်ကျရင် စမြင် ရနိုငိပါတယ်။ လှိုင်းကြီး မဟုတ်ပဲ အဖျား ခတ် ပါစေလို့ ပဲ ဆုတောင်းပါတယ်။
သူများ ချမ်းသာမှ ကိုယ်လညိး ချမ်းသာ မှာပါ။
(သတိရှိရှိနဲ့နေကြပါနော်)
Credit to Matthew Laphai

