ပုံမှန်ဝင်ငွေ မရှိတဲ့ ကျွန်မတို့ အခြေခံလူတန်းစား ပြည်သူတွေ အတွက် ရိက္ခာဖြန့်ဖြူးရေး လုပ်ငန်း မနေ့ကစတင် ဆောင်ရွက် လိုက်ပါတယ်။ ပြည်သူ တွေ၊အစိုးရပိုင်း၊ အုပ်ချုပ်ရေးပိုင်း၊ အားလုံးဝိုင်းဝန်းလုပ်ကိုင် ကြလို့ အားရစရာပါ။ ဒါပေမဲ့ COVID ကာကွယ်ရေး အတွက် ချမှတ် ထားတဲ့ စည်းမျဉ်းတွေ အတိုင်း မ လိုက်နာတဲ့ ဖြစ်ရပ်လေးတွေကြောင့်ဝေဖန်စရာ ဖြစ်ရ ပါတယ်။ ဒီလိုထပ်မဖြစ်ရအောင် စီမံခန့်ခွဲသူများ အထူး ဂရုစိုက်ပါ။ ဘယ်သူမျှ၊ (ဝန်ကြီးချုပ်များ အပါ အဝင်၊) COVID မပြီးပါဘူး၊ ရောဂါကူးနိုင် ပါတယ်။ အားလုံးစည်းကမ်း လိုက်နာကြပါ။

COVIDရောဂါ ကူးစက်နေသူတစ်ဦး မြန်မာနိုင်ငံမှာ ပထမဆုံးတွေ့ခဲ့တာ သုံးပတ် ရှိသွားပြီ ဆိုတော့၊ ရောဂါ မပျံ့ပွါးရေး၊ ကာကွယ်ရေး၊ အတွက် ဘာတွေ လုပ် ရမယ် ဆိုတာပိုသိလာပါတယ်။ Quarantine (၁၄) ရက်လွန်မှ ရောဂါ လက္ခဏာ ပြသူတွေတွေ့ရလို့ စိတ်ချရအောင် quarantine ကို (၂၁) ရက်ထိ တိုးရပါမယ်။ အိမ် quarantine မှာရှိနေသူတွေလည်း မပေါ့ဆ ကြဖို့သတိပေးလိုက်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန် ညွှန်ကြားချက် တွေကို အသေချာ လေ့ လာ လိုက်နာပါ။

ထိုင်းဘက်မှ ကျွန်မတို့ ပြည်သူတွေစပြီး အလုံးအရင်းနဲ့ ပြန်လာတာလဲ (၂)ပတ်ကျော် သွားပါပြီ။ အရေအတွက်က ဒီနေ့ထိဆို တစ်သိန်းခွဲကျော်ပါပြီ။ ရောဂါ ကူး စက်ထားသူများ နောက်အပတ်အတွင်း ပေါ်လာပါမယ်။ ဘယ်လောက် အထိများမယ် ခန့်မှန်းလို့ မရသေးပါဘူး။ ကျွန်မတို့ အစိုးရကတော့ ပြည်သူတစ်ယောက် ချင်းကို တန်ဖိုးထားပြီး အကောင်းဆုံး စောင့်ရှောက်သွားဖို့ သန္နိဋ္ဌာန်ချထား ပါတယ်။ တည်တည်ငြိမ်ငြိမ်၊ စည်းကမ်းလိုက်နာခြင်း နဲ့ ပြည်သူအားလုံးကျွန်မတို့ကို ကူညီပေးကြ ပါ။

အစိုးရရဲ့ ပန်ကြားချက်အရ ပြန်ဝင်လာ ဖို့ စောင့်နေ ကြတဲ့ ထိုင်းနယ်စပ်က ကျွန်မတို့ ပြည်သူတွေကို ထိုင်းနိုင်ငံရဲ့ အရေးပေါ် အခြေအနေ ကြေညာချက်နဲ့ ကိုက်ညီ အောင်၊ ဧပြီ (၃၀)ရက်နေ့ အထိ စောင့်ဆိုင်းဖို့ ထပ်မံပန်ကြား
ထား ပါတယ်။ ပြည် ပမှ လေယာဉ်များ ဆိုက်ရောက်မှုတားမြစ်ခြင်းကိုလည်း ဧပြီ (၃၀)ရက် ထိ တိုး
လိုက်ရပါတယ်။

ပြည်သူတွေ စိတ်ချမ်းမြေ့စေမဲ့သတင်းတွေပဲ ပေးချင်ပါတယ်။ ဒါပေမဲ့ တာဝန်သိမှု တာဝန်ယူမှု နဲ့အတူ ပွင့်လင်းမြင်သာ၊ ဖြောင့်မတ်မှု ရှိရပါမယ်။ ပြည်သူ တွေက အ ဓိကမို့ ပြည်သူတွေအခြေအနေ မှန်ကို သိဖို့ လိုပါတယ်။

လက်ရှိ အခက်အခဲ များကို ကျော်လွှားပြီး ကျွန်မတို့ ပြည်ထောင်စု မြန်မာနိုင်ငံ ပြည်သူအပေါင်း နှလုံးစိတ်ဝမ်း အေးချမ်း နိုင်ကြတဲ့ အချိန် အမြန်ဆုံးရောက်ပါစေ။
Credit : အမေစု FB❤️🙏 #DawAungSanSuuKyi

image