COVID-19, ရန်ပါတိုက်ပေးလိုက်သေး
ဒါလည်း အသက်ရှည်ဆေးထဲက တစ်ပါးမဟုတ်လား...???
ဟုတ်ရင် တခုခုတော့ ပြောခဲ့ဦး! ဒါဆို အသက်ရှည်ဦးမယ် 😂
===
သူပြောတာလည်းမှန်, ကိုယ်ပြောတာလည်းမှန်
~~~~
ကျား - မိန်းမ ဟို လူကြီးက
အလုပ်ဆင်းချင်ဆင်းလို့ပြောတယ်
ငါအလုပ်ဆင်းမယ်
မ - ကျမကတော့ ဘာမှ
မပြောလိုဘူး
ရှင့်ဘာသာ ဆင်းချင်ဆင်း
မဆင်းချင်နေ
ဒါမဲ့ ရောဂါကူးမလာနဲ့
ကျား - မင်းတို့ ငတ်မှာစိုးလို့
ငါအလုပ်ဆင်းတာလေ
ဝိနည်းလွတ်မပြောနဲ့
မ - အေးလေ ကျမကလဲ
ကလေးတွေ သေမှာစိုးလို့
ပြောနေတာလေ
ကျား - ဒါဆို ဘာနဲ့စားမလဲ
မ - အဲ့ဒါကြောင့်
ရှင်သဘောလို့ ပြောတာလေ
ကျား - ဒါဆိုငါက ဘာလုပ်ရမှာလဲ
မ - အဲဒါကြောင့်
ရှင်စဉ်းစားလို့ ပြောတာ
ကျား - ဒါဆိုငါက
ဒီအတိုင်းနေရမှာလား
မ - အဲဒါတော့ရှင်အပိုင်းပဲ
ကျား - ကဲ ဘာလုပ်ရမလဲကွာ
ပြောလေ
မ - အော် ဘယ်နှစ်ခါပြောရမလဲ
ဆင်းချင်ဆင်း
မဆင်းချင်နေလို့ ပြောပြီး
ပြီလေ
ကျား - အေးလေ
ဆင်းမယ်ဆိုတော့
မင်းကရောဂါဖြစ် ပြန်မလာနဲ့ဆို
ဖြစ်မဖြစ်ဘယ်သိပါ့မလဲ
မ - ကျမကရော ရှင်ကို
အတင်းအလုပ်ဆင်းခိုင်းနေလို့လား
ကျား - အေးလေ ငါကရော
အရမ်းဆင်းချင်နေတယ်
ထင်လို့လား
မ - အော် ကျမကရောဒီလို
မိသားစုတခုလုံး
ကူးမဲ့ရောဂါကြီးကိုမကြောက်ပဲ
ငွေလိုချင်နေတယ်ထင်လို့လား
ကျား - အေးဒါဆိုလဲ မဆင်းဘူးကွာ
မ - အေး ဒါဆိုလဲ
ငတ်သေကြတာပေါ့
ကျား - ဟာ ငါဆင်းမယ်ပြောတော့
မင်းကဆင်းချင်ဆင်း
မဆင်းချင်နေဆို
မ - အေးလေ ကျမကရော
ရှင်ကို အတင်းဆင်းခိုင်းနေလို့လား
ကျား - အေးလေ
ငါမဆင်းဘူးပြောပြန်တော့
ဘာလိုငတ်သေမယ်ပြောလဲ
မ - ကျမကလဲ အမှန်ပြောတာလေ
ဆက်မရေးတော့ပါ
Repeat အကြိမ်၁၀၀ပါ🤪🤪
..........
ညှိနှိုင်းအဖြေရှာရခက်ပြီ
Credits: ကိုဝင်းမင်းအောင်