We Are Myanmar  is feeling Lovely
4 yrs

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် မိတ္ထီလာမြို့နယ် ကျေးရွာအထက(ခွဲ) ကျောင်းနှစ်ကျောင်းမှ ကျောင်းသူကျောင်းသားများအတွက် စက်ဘီး ၆၅ဝ စီး လှူဒါန်းပွဲ တက်ရောက်ပေးအပ်


မိတ္ထီလာ ဇွန် ၁၉

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်သည် ယနေ့ နံနက်ပိုင်းက မိတ္ထီလာမြို့နယ် မွေကျေးရွာအထက(ခွဲ)နှင့် ကျောက်ဖူးကျေးရွာအထက(ခွဲ)မှ ကျောင်းသူကျောင်းသားများအတွက် စက်ဘီး ၆၅ဝ စီးပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မွေကျေးရွာအထက(ခွဲ)တွင် နံနက် ၉ နာရီအချိန်က အဆိုပါစက်ဘီးပေးအပ်လှူဒါန်းပွဲကို ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကအမှာစကား ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေကြီးဝန်ကြီးချုပ်က ကျောင်းသားကျောင်းသူများအတွက် ကျောင်းသုံး စာအုပ်များနှင့် စာရေးကိရိယာများ၊ ကျန်းမားရေး အထောက်အကူပြုပစ္စည်းများကို ကျောင်းအုပ်ကြီး ထံသို့ ပေးအပ်ပြီး ရပ်ဝေးကျေးရွာများမှ ကျောင်းတက်လာရောက်ကြမည့် ကျောင်းသူကျောင်းသားများအား စက်ဘီးများကိုလှူဒါန်းပေးအပ်သည်။

ဆက်လက်၍ အလှူရှင် အမရပူရမြို့ပြ စီမံကိန်းဆောင်ရွက်နေသော Mandalay Business Capital Development Ltd, မှ တာဝန်ရှိသူများက စက်ဘီးများလှူဒါန်းပေးအပ်ရာ ကျောင်းအကျိုးဆောင်ကော်မတီဥက္ကဋ္ဌက ဂုဏ်ပြမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်ပြီး ကျောင်းအကျိုးဆောင်ကော်မတီဝင် တစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

အဆိုပါမွေကျေးရွာအထက(ခွဲ)သို့ ရပ်ဝေးဒေသ ကျေးရွာများမှ ပညာလာရောက်သင်ယူကြသည့် ကျောင်းသူကျောင်းသား ၂ဝ၇ ဦးအတွက် စက်ဘီး ၂ဝ၇ စီးကို ပေးအပ် လှူဒါန်းခြင်းဖြစ်သည်။ ဆက်လက်၍ ကျောက်ဖူးကျေးရွာအထက(ခွဲ)ရှိ စာသင်ကျောင်းဆောင်သစ်အား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီးလျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်၊ တိုင်းဒေသကြီးစိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဒေါက်တာစိုးသန်း၊ တိုင်းဒေသကြီးသယံဇာတနှင့်သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်နှင့် တိုင်းဒေသကြီးရှမ်းတိုင်းရင်းသားရေးဝန်ကြီး ဦးစိုင်းပန်းဆိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ထို့နောက် ကျောက်ဖူးကျေးရွာ အထက(ခွဲ) သို့တက်ရောက်မည့် ကျောင်းသူကျောင်းသားများအတွက် ကျောင်းသုံးပစ္စည်းများ၊ ကျန်းမာရေးသုံးပစ္စည်းများနှင့် အားကစားပစ္စည်းများနှင့် ရပ်ဝေးဒေသကျေးရွာများမှ ကျောင်းတက်လာရောက်ကြမည့် ကျောင်းသူ ကျောင်းသားများ အတွက် စက်ဘီး၄၄၃ စီးကို တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့်အလှူရှင်များက ပေးအပ်လှူဒါန်းသည်။

အဆိုပါအထက(ခွဲ)ကျောင်းများအတွက် ကျောင်းသုံးပစ္စည်းများ၊ ကျန်းမာရေးသုံးပစ္စည်းများနှင့် အားကစားပစ္စည်းများကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကပေးအပ်လှူဒါန်းခြင်းဖြစ်ပြီး ကျောင်းသူကျောင်းသားများအတွက် စုစုပေါင်းစက်ဘီး ၆၅ဝ စီးကို တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အလှူရှင် Mandalay Business Capital Development Ltd, က လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။

ချမ်းသာ(ပြန်/ဆက်)
Credit: MOI

image