တရားနာတယ် ဆိုတာ ကိုယ်တစ်ဦးတည်း အာရုံပြုနိုင်ရုံမျှ အသံတိုးတိုးလေးဖွင့်ပြီး နာရတယ်။ ဖြစ်နိုင်ရင် နားကြပ်လေးနဲ့ပေါ့။

သမာဓိ နဲ့ ဉာဏ် ကလည်း တခါတည်း ပါရတယ်။
သူများကိုလည်း အနှောက်အယှက် မဖြစ်စေတောဘူး။ ကိုယ်လည်းချမ်းသာ ပတ်ဝန်းကျင်လည်ူချမ်းသာ ဘယ်လောက်ကောင်းလဲ။

ခုတော့ ဆူညံပွက်နေတာပဲ။

အဆိုးဆုံးက တရားခွေကို အသံကျယ်ကြီးဖွင့်ထားပြီး ကိုယ်က လုပ်ချင်ရာလုပ် ပတ်ဝန်းကျင်ကို အသံနဲ့ ဒုက္ခပေးနေတာပဲ။

အခြေခံ လိုက်နာကျင့်သုံးရမည့် စာရိတ္တဝိနည်းသီလလေးမျှ မရှိကြသလို ဖြစ်နေတယ်။

သီလ မဲ့ရင် သမာဓိ မဲ့ တယ်။ သမာဓိမဲ့ရင် ပညာမဲ့တယ်။ ပညာမဲ့ရင် ဆင်းရဲကလွတ်မြောက်ကြောင်းနိဗ္ဗာန်ချမ်းသာနဲ့ ဝေးရော။

ဘာသာရေး ဆိုတာ သဒ္ဓါ အခြေခံပေမဲ့ ပညာ နဲ့ မှသာ အထွတ်အထိပ်ကို ရောက်တာပါ။

ဘာသာရေးလုပ်တဲ့အခါ ပညာပါဖို့ အရေးကြီးပါတယ်။

ကိုယ့်ဆီက ဘာသာရေး လိုက်စားတယ်လို့ နာမည်ခံ လုပ်နေတာတွေက ဘုရားအလိုမကျ တလွဲတွေ တော်တော်များလှတယ်။

အပ္ပသဒ္ဒကာမာ ဗုဒ္ဓ္ဓ က တိတ်ဆိတ်ငြိမ်သက်မှုကိုလိုလားတယ်ဆိုတာ တိတ္ထိတွေတောင်မှ သိကြပါတယ်။

ရေကြည်ချမ်းမြ (စင်္ကာပူ)

15.11.2018

image