နောင်တကြောင့်ဖြစ်တဲ့ အဇာတသတ်ဘုရင်၏ စိတ်ခံစားမှု
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
သာမညဖလသုတ်အကျဉ်းချုပ် - (အပိုင်း - ၅)
✿ အဇာတသတ်မင်းက ဖခင်ကို သတ်မိလို့ ရတဲ့နောင်တ (intense regret)။ Intense regret ၀ိပ္ပဋိသာရ - အင်မတန်မှ အားကောင်းတဲ့နောင်တ။ ဖခင်ကိုသတ်တာ မပြောနဲ့ တခါ တခါ ထီထိုးရရင်ကောင်းမလား ထီမထိုးရရင် ကောင်းမလား အဲဒါလေး စဉ်းစားပြီးတော့ ထိုးရက်နဲ့ မပေါက်ရင် မထိုးလိုက်ရင်ကောင်းသားဆိုပြီးတော့ ပြန်ပြီး နောင်တရတဲ့သူတွေရှိတယ်။
✿ ပေါက်သွားတဲ့ဂဏန်းကို သွားကိုင်မိပြီး မထိုးဘဲနဲ့ ဒီအတိုင်းချထားမိလို့ တသက်လုံး နောင်တရတဲ့သူတွေလည်းရှိတယ်။ ဒီလိုနောင်တမျိုးက သူက ethical application မရှိသေးဘူး ကုသိုလ် အကုသိုလ် သိပ်မဖြစ်သေးဘူးပေါ့။ ဒါတောင်မှ လူတွေက အဲဒီနောင်တ မနည်းကိုင်တွယ်ယူရတယ်။ မနည်း manage ယူရတယ်။ ဒါ emotion ရဲ့ သဘောပဲ။
✿ အဲဒါကြောင့် ကျေးဇူးရှင်ဖခင်ကြီးတစ်ယောက်ကို သတ်မိတဲ့ အဇာတသတ် ဘယ်လောက်ထိ နောင်တရမိတုန်း။ တချို့က ဖခင်ကိုသတ်ဖူးတာ မဟုတ်ဘူး။ မိခင် ဖခင်ရှိတုန်းက မကျွေးမိခဲ့လို့ သူတို့မရှိတဲ့အချိန်မှာ နောင်တရတဲ့ပုဂ္ဂိုလ်တွေ အများကြီးပဲ။ အဲဒီနောင်တ ဘယ်လိုလုပ်ပြီးတော့ ဖြေရှင်းရမှန်းမသိတဲ့သူတွေ အများကြီး။
✿ တချို့ကျတော့လည်း မိဘတောင်မဟုတ်ဘူး မိတ်ဆွေသူငယ်ချင်းရှိစဉ်တုန်းက သူတို့ရဲ့တန်ဖိုးကို မသိဘူး မရှိတဲ့အခါကျမှ သူတို့ရဲ့တန်ဖိုးကို သိပြီးတော့ နောင်တရတဲ့လူတွေလည်း ရှိတယ်။ ဆရာသမားရဲ့ကျေးဇူးကို သူတို့ မရှိတဲ့အခါ၊ ဆရာသမားတွေ မရှိတဲ့အခါမှာ သိပြီး နောင်တရတဲ့သူတွေလည်း ရှိတယ်။ ဒီနောင်တတွေဟာ အမျိုးမျိုးဖြစ်ပေါ်နိုင်တယ်။
✿ အဇာတသတ်က ဖခင်ကြီး မသေသေအောင် အမျိုးမျိုး နှိပ်စက်တယ်။ ဒါတင်မကဘူး အရှင်ဒေ၀ဒတ် ခိုင်းတဲ့အတိုင်း မြတ်စွာဘုရားကိုလည်း လုပ်ကြံတယ်။ အကြိမ်ကြိမ်လုပ်ကြံတယ်။ ဒါကြောင့်မို့လို့ သူ့စိတ်ထဲမှာ regret တွေ ဖြစ်နေတာ။ နောင်တတွေဖြစ်နေတာ။ နောင်တတွေ ဖြစ်လွန်းလို့ သူ့မှာ မအိပ်နိုင်ဘူး။ သူ မအိပ်နိုင်ဘူး။
✿ စပြီးတော့ အိပ်လိုက်ပြီဆိုရင် ခန္ဓာကိုယ် အရမ်းပင်ပန်းပြီး နည်းနည်းလေး အိပ်လိုက်တာနဲ့ စိတ်ထဲမှာ ရှိနေတဲ့ ကြောက်စိတ်က အရမ်း ပြင်ထန်းပြီးတော့ သူပြန်နိုးလာတယ်။ ကြောက်တဲ့စိတ်နောင်တရတဲ့ စိတ်တွေကြောင့် သူရဲ့ emotion က emergency mode ဆိုတာ အရေးပေါ်အနေအထားအဆင့်မှာ အမြဲတမ်းရှိတယ်။
✿ ရှိနေတဲ့အခါကျတော့ သူ့ရဲ့ခန္ဓာကိုယ်အင်အားကိုလည်း ပိုပြီးတော့ သုံးတယ်။ စိတ်ရဲ့အင်အားကိုလည်း ပိုပြီးတော့ သုံးတယ်။ အဲဒါကြောင့် နည်းနည်းမှောင်တယ်ဆို မနေတတ်ဘူး။ သူ့ဘေးနားမှာ လူတွေမရှိဘူးဆို မနေတတ်ဘူး ကြောက်စိတ်ဝင်လာတာ။ သူ့စိတ် သူ့ကိုယ့်ကိုယ်ကို ပြန်ခြောက်တယ်။
✿ အဲဒီအနေအထားမှာ အဇာတသတ်ဘုရင်က healing လိုက်ရှာတာပေါ့။ သူရဲ့စိတ် ဘယ်လိုလုပ်ပြီးတော့ စိတ်ချမ်းသာအောင် လုပ်မှာတုန်း။ သူရဲ့ နောင်တ ဘယ်လိုများ ပြေပျောက်အောင် လုပ်မှာတုန်းဆိုပြီးတော့ လိုက်ရှာတယ်။ ဒီလိုက်ရှာတဲ့နေရာမှာ သူရဲ့နိုင်ငံ ထဲမှာ နာမည်ကြီးတဲ့ အတွေးအခေါ်ရှင် နိုင်ငံရေးခေါင်းဆောင်တွေဆီ အကုန်သွားတယ်။
✿ ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတာက သာမညဖလသုတ်ထဲမှာ ပါဠိတော်ထဲမှာ ဆိုထားတာက အဇာတသတ်ဘုရင်က မကြာမကြာ သူရဲ့ဝန်ကြီးတွေကို သူ့နားမှာ ထားပြီးတော့ သူ့ကိုအားပေးခိုင်းတယ်။ လူယုံတော်တွေ လူယုံလို့ ယူဆထားတဲ့သူတွေကို ၀န်ကြီးခန့်ထားတယ်။ သူတို့ကို သူ့နားမှာ အမြဲတမ်းထားတယ်။ သူ့ကို ကာကွယ်နိုင်အောင် protect လုပ်နိုင်အောင် အားပေးနိုင်အောင်။
✿ အဲဒီထဲမှာ သူ ကြောက်စိတ်ဝင်လာပြီဆိုရင် သူရဲ့အမတ်တွေ တစ်ယောက်စီကိုမေးတယ်။ ငါ့စိတ်ထဲမှာ ဒီလိုဖြစ်နေတယ် မအိပ်နိုင် မစားနိုင်ဖြစ်နေတယ် နောင်တတရားတွေက။ ဂျိန်းဘာသာကိုးကွယ်တဲ့ အမတ်ကလည်း “ဟာ ကျွန်တော်တို့ရဲ့ ဂျိန်းဘာသာ ဆရာတော်ကြီးက ဒါမျိုးတော်တယ် ဆရာတော်ကြီး ကြွပါ” ဆိုပြီးတော့ ဂျိန်းဆရာတော်ကြီးဆီ ခေါ်သွားတယ်။
✿ တခြားဘာသာ ကိုးကွယ်တဲ့ ပုဂ္ဂိုလ်လည်းပဲ “ကျွန်တော်တို့ဆရာကြီးက ပိုပြီးတော့ စွမ်းပါတယ်” ဆိုပြီးတော့ အဲလိုခေါ်သွားတယ်။ အဲဒီလို ခေါ်သွားတာ ဒီ သာမညဖလသုတ်ထဲမှာ သက်သေ ၆-ယောက်ရှိတယ်။ အမတ် ၆-ယောက်က သူတို့ရဲ့ ဆရာဆီခေါ်သွားတာ။
✿ သူတို့ကလည်း ဘာသာချင်းမတူဘူး။ အစိုးရတစ်ခုထဲမှာပဲ နေကြတာ။ ဘာသာချင်းမတူဘူး။ မာဂဓတိုင်းရဲ့ စိတ်ဝင်စားပုံကိုပြောတာ ဘာသာရေးလွတ်လပ်မှုရှိတယ်ပေါ့။ အဲဒီဘာသာ ၆-မျိုးအကြောင်း အကျဉ်းချုပ်ပြောရအောင်။
ဆက်လက်ဖော်ပြပါမည်။
ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ
???
“သာမညဖလသုတ်အကျဉ်းချုပ်” တရားတော်မှ ရေးသားပူဇော်ပါသည်။
Transcribed #ThazinHtike



