blank  delte en  stolpe
8 år

တစ်နေ့ သောအခါ ဆရာတော် ဦးဗုဓ် ၏ မယ်တော်ကြီး သည် မိမိ နေ အိမ် မီးလောင် သွားသော ကြောင့်သား ဦးဇင်း ထံ သို့ ပြေး လာပါတယ်။ သူ့ခဗျာ မုဆိုးမကြီး ဆိုတော့ အားကိုးလဲ မရှိ ရှာပါဘူး။ အဲဒီအတွက် သားဦးဇင်း ထံ အားကိုး တစ်ကြီး နဲ့ ပြေး လာတာ ပါ ။

အဲဒိ အချိန်မှာ ဆရာတော် ဦးဗုဓ် က မင်းကိုးကွယ် တဲ့ ဆရာတော် ဖြစ်နေပါပြီ ။မယ်တော်ကြီး အတွက်နေစရာ အိမ်တစ်လုံးတော့ ကောင်းကောင်း ဖန်တီးပေးနိုင်စွမ်း ရှိပါတယ်။ ဘုရင် ကိုယ်တိုင်က အလွန်ကြည်ညိုတဲ့ ဆရာတော် ဖြစ်တဲ့ အတွက် လာဘ်လာဘပေါများမယ် ဆိုတာ ယုံမှားဖွယ် မရှိပါဘူး။

ဒါယကာတွေကို မယ်တော့်အိမ် မီးထဲ ပါသွားတယ်လို့ပြောလိုက်တာ နဲ့ ကိစ္စပြီးနိုင်ပါတယ်။
ဒါပေမဲ့ ဆရာတော် ဦးဗုဓ် က မယ်တော်ကြီး လာတဲ့အခါ မှာ ဘာမေး လဲဆိုတော့…

” ခု မယ်တော်ကြီးအိမ် မီးထဲပါသွားပြီ။ ဘာတွေကျန်သေးလဲ လို့မေးပါတယ်။ ဒီအခါမှာ မယ်တော်ကြီး က အားကိုးတစ်ကြီး နဲ့ တပည့်တော်မ မှာ အခု ဝတ်ထားတဲ့ အဝတ်နဲ့ ပခုံး ပေါ်က ဒီ တဘက် တစ်ထည်ပဲ ကျန် ပါတော့ တယ်ဘုရား…လို့ လျှောက်လိုက် ပါတယ်။
ဆရာတော် ဦးဗုဓ် က
” မယ်တော်ကြီးရှေ့က ပြုခဲ့တဲ့ အကုသိုလ်တွေကြောင့် ခုလို ဒုက္ခတွေ ရောက်ရတာ ။ ဒါကြောင့် ကုသိုလ်ပြုပါဆို ပြီး ပုခုံးပေါ်က တဘက်လေးကို အလှူခံ လိုက်ပါတယ်။ ဆရာတော်ဘုရား ဟာ ပညာရှိဖြစ်သည့် အားလျှော်စွာ ပြုမူဆောင်ရွက်ခဲ့တာပါ။ ဒါကြောင့် ဆရာတော် အပြုမူ ဟာနောက်လူတွေ အတွက် လမ်းပြသွားတာမှတ်သား စရာပါ။

Read more >>>> ပုံကိုနှိပ်၍ ဆက်လက် ဖတ်ရှုပါရန် ..

လ၇ိပ်ချို: ဒုက္ခ တစ်ခု ကြုံတိုင်း ကုသိုလ် တစ်ခု လုပ်ပါ
Favicon 
layiepcho.blogspot.com

လ၇ိပ်ချို: ဒုက္ခ တစ်ခု ကြုံတိုင်း ကုသိုလ် တစ်ခု လုပ်ပါ

တစ်နေ့ သောအခါ ဆရာတော် ဦးဗုဓ် ၏ မယ်တော်ကြီး သည် မိမိ နေ အိမ် မီးလောင် သွားသော ကြောင့်သား ဦးဇင်း ထံ သို့ ပြေး လာပါတယ် ။ သူ့ခဗျာ မုဆိုးမကြီ...