blank  condiviso a  post
7 anni

‘‘ဟင် မနေ့က အစိတ်က ကော’’
‘‘ဆန် ဝယ်ရတယ်။ ဆီ ဝယ်ရ တယ်။ အကြီးကောင်ကြီး စာအုပ် ဖိုး ပေးရတယ်။ တော်ပြန်ယူသွား တာက ငါးကျပ်။ မနက်က ဟင်း ချက်ဖို့ ငါးဝယ် ရတာက ခြောက် ကျပ်။ အခု ကျုပ်လက်ထဲမှာ သုံး ဆယ့် ငါးပြားပဲ ရှိတော့တယ်’’
‘‘ဒါဆိုရင်လည်း နက်ဖြန်ကျ မှပဲ သွားတော့ပေါ့ကွာ’’
ကိုရေခဲ ခပ်အေးအေးပြော ကာ မီးငြိမ်း ခါနီးနေသော ဆေး လိပ်တို ကို ပြန်၍ကောက်ယူသည်။ မျက်စိ ကို မှေးပြီး ဆက်တိုက် ဖွာရှိုက်သည်။
‘‘ကိုရေခဲနော် ရှင်က ဖအေ သိရဲ့လား။ ဖအေ ဆိုတာ ဖအေ စကားပြော။ အဖျားအနာ ဆိုတာ နက်ဖြန် သန်ဘက်စောင့်လို့ ရသလား။ တော်ကြာ ဆိုးသည်ထက် ဆိုးလာတော့ ဘယ့်နှယ် လုပ်မလဲ’’
‘‘ဩော်.. မိန်းမရယ်၊ ငါ လည်း ဘယ်တတ်နိုင်ပါ့မလဲ။ ငါ ရှာလို့ ရသမျှ တစ်ပြား မကျန် အ ကုန် အပ်နေတာပဲ။ ဒီကြားထဲက မလောက်ဘူး၊ ဆေးတိုက်သွား စရာ ပိုက်ဆံ မရှိဘူးဆိုတော့ ငါ ဘာလုပ်ရမလဲ။ ဓားပြ ထွက် တိုက် ရမှာလား’’

ကိုရေခဲ စိတ်ညစ်ညူးစွာ ပြောသည်။ သူ့ကို မျက်စောင်းကြီး ခဲ၍ ကြည့်နေသော မိန်းမ အား ခပ်စွေစွေ လှမ်းကြည့်ရင်း သက် ပြင်းချသည်။

‘‘တော့်ကို ပြောလိုက်ရင် ဒါ မျိုး ချည်းပဲ။ တော်ရှာလို့ ရသမျှ ပိုက်ဆံလေး တစ်ပဲခြောက်ပြားကို မှန်မှန်အပ်နေတိုင်း တော့်ကိုယ် တော် တစ်ကယ့် လင်ကောင်း လင် မြတ်ကြီး ထင်မနေနဲ့’’

Read more >>> ပုံကိုနှိပ်၍ ဆက်လက် ဖတ်ရှုပါရန် ...

လ၇ိပ်ချို: ရေခဲခြစ် နှင့် ရေခဲချစ်
Favicon 
layiepcho.blogspot.com

လ၇ိပ်ချို: ရေခဲခြစ် နှင့် ရေခဲချစ်

မစိန်မြ က မာဆတ်ဆတ် ခေါ်သည်။ အိမ်ခါးပန်းကို ခေါင်း အုံးပြီး အိပ်နေသော လင်တော် မောင် ကိုရေခဲအား ခပ်စူးစူးကြည့် သည်။ ‘‘ဘာလဲဟ’’ ကိုရေခဲ ...