" ကျည်ဆံက မဲပြားထက် အလုပ်ဖြစ်သည် " ... ဟူသော အယူအဆဖြင့် အကြမ်းဖက် အဖွဲ့အစည်း အင် အားတောင့် တင်း လာခဲ့ ရခြင်းဖြစ်၏။ အင်အားကြီးနိုင်ငံတို့၏ အလိုကျ အစိုးရများ တက်လာ ရန်ရွေးကောက် ပွဲများ ကိုစောင့်ကြရ၏။ ကုလသမဂ္ဂ ရှိလာပြီဖြစ်၍ ကျုးကျော်စစ်ကို ဆင်နွှဲချင်တိုင်း ဆင်နွှဲ၍ မကောင်းသော အချိန်လည်း ဖြစ်ပြန်ရာ ... အကြမ်းဖက် အဖွဲ့ကိုမွေးမြူခြင်းဖြင့် ကျုးကျော်စစ်ကို ဆင်နွှဲနေကြသည့် မဟာ ဗျုဟာဖြစ်ပါ၏။ လက်တွေ့တွင် အမှန်တစ်ကယ်လည်း " ကျည်ဆံက မဲပြားထက် ပို၍အလုပ်ဖြစ်နေကြောင်း " တွေ့နေရ ပါ၏။
အကြမ်းဖက်သည့် နိုင်ငံကြီးတို့၏ တရားမဝင် စစ်တပ်ကြီးဖြစ် ပါ၏။ နိုင်ငံတစ်ခု၏ တရားဝင် စစ်တပ်က ဥပ ဒေ၏ အထိန်း အသိမ်းကို ခံရပါ၏။ အကြမ်းဖက် အမည်ခံသောတရားမဝင် စစ်တပ်ကမူ ဥပဒေ၏ အထိန်း အသိမ်းကို ခံစရာမလို၊ အချိန်အခါမရွေးလည်း အသုံးပြု၍ရသည်။
Read more >>> ပုံကိုနှိပ်၍ ဆက်လက် ဖတ်ရှုပါရန် ..

