“ဒါလောက် ညတွေမှာ သွားတွေ့နေတော့လဲ သူငယ်ချင်းတွေက ကျွန်တော့်ကို အထင်လွဲမယ် ဆိုလဲ လွဲလောက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဟာ လူမသတ်ပါဘူး။ မစော်ကား တတ်ပါဘူး၊ ဒါတွေကိုတော့ ဖွင့် မပြောချင်ဘူး။ ဖွင့်ပြောရင် ကျွန်တော့်ချစ်သူ သီသီ ဂုဏ်ငယ်မှာ စိုးလို့ လူလောကမှာ ကျွန်တော်သာ လူယုတ်မာကြီး အဖြစ်နဲ့ နေခဲ့တာပါ”
“ဒီလိုဆို ဒီကလေးဟာ ရှင့်ခလေး မဟုတ်ဘူးပေါ့”
“ဟင့်အင်း”
“ဘယ်သူ့ ခလေးလဲ”
“မေတ္တာသုတ်ကို အော်ကြီးဟစ်ကျယ် ရွတ်နေတဲ့ ဦးလေးကြီးရဲ့ ခလေးပေါ့ အမရယ်။ သီသီရဲ့ နောက်ဆုံးစာ ထဲမှာ အားလုံး ဖွင့်ရေးထားတယ်။ သူ့စာလဲ ကျွန်တော် ခုထိ သိမ်းထားတယ်”
“ဟင်- ဦးလေးဆို”
“မတော်ပါဘူး၊ မိဘတွေနဲ့ ရင်းနှီးပြီး အိမ်မှာ အတူနေလို့ ဦးလေးကြီး ဖြစ်နေတာ။ ဝထ္ထုထဲ ဆိုရင်တော့ ချစ်သူ ဂုဏ်ကို ကယ်တင်တဲ့ အနေနဲ့ ကျွန်တော် လက်ထပ်သင့်တာ ပေါ့လေ။ ဒါပေမင့် ရင်ထဲမှာ နာတယ်။ တစ်ဆတ်ဆတ် တုန်တယ် အစ်မရဲ့။ ကိုယ်တော့ မတို့ရက် မခူးရက်တဲ့ ချစ်သူကို ခုလို အဖြစ်ခံရတာ ရင်ကျိုး တာဘဲ။ ပြီးတော့ ကျွန်တော်တို့ ယူတယ် ထားအုံး၊ ဒီဦးလေးကြီက ဘုရားခန်းကနေ ဘုရားမုခပါဋ္ဌ်တော်တွေ ရွတ်ပြီး ကျွန်တော့် မျက်နှာကို ပြုံးဖြီးဖြီးနဲ့ ကြည့်မှာကို ကျွန်တော် မခံနိုင်ဘူး။
Read more >>>> ပုံကိုနှိပ်၍ ဆက်လက် ဖတ်ရှုပါရန် ....

