သရုပ်ဖေါ်ပုံ အတွက် ကာတွန်း ဦးဗဂျမ်းဆီ မကြာမကြာ ရောက်တယ် ။ ခေါင်းရင်းခန်းမှာ ကတုံးဆံတောက်နဲ့ အဖိုးကြီး တစ်ယောက် စာထိုင်ရေးနေတာ အမြဲတမ်းလို တွေ့နေတော့ အဲဒါ ဘယ်သူလဲလို့ ဦးဗဂျမ်းကို မေး တယ် ၊ " သဘင်ဝန် ဦးနု ဆိုတာ သူပေါ့ " တဲ့ ။ ဒါနဲ့ သူ့ဆီ စာမူတောင်းရင် ရမလားမေးတော့ " ကိုရင် တောင်းကြည့်ပေါ့ " တဲ့ ။
သဘင်ဝန် ဦးနု စာရေးစားပွဲနား သော်တာဆွေ ရောက်သွားတယ် ။
" ဆရာကြီး ၊ ဘာတွေရေးနေပါသလဲ "
" စာတွေ ရေးနေတာပေါ့ကွ "
" ဘယ်မဂ္ဂဇင်းမှ မပို့ဘူးလား "
" မင်းတို့ မဂ္ဂဇင်းတွေရှိမှ ငါက စာရေးရမှာလား "
" ဒါဖြင့် ဘာလို့ ဆရာကြီး စာရေးနေလဲ "
" ဟ - မရေးရ မနေနှိုင်လို့ ရေးတာပေါ့ကွ " တဲ့ ။
သဘင်ဝန် ဦးနု ရဲ့အဖြေဟာ အဲသလို ဘုဂလန့်ချည့်ပါပဲ ။ သော်တာဆွေကိုမှ မဟုတ် ၊ ဦးဗဂျမ်းဆီ လာတဲ့ စာအုပ်ထုတ်ဝေသူ မှန်သမျှ သူ့ဆီ စာမူတောင်းရင် အဲလို ဘုဂလန့်ချည်း ပြောလွှတ်တာမို့ သော်တာဆွေ ခပ်ကုတ်ကုတ် တပ်ဆုတ်လာတော့ ဦးဗဂျမ်း က ရယ်ပါတယ် ။ ဟိုပုဂ္ဂိုလ်ကြီးကတော့ အမြဲတမ်း ရေးမြဲ ရေးလျှက်သာ... ။
Read more >>> ပုံကိုနှိပ်၍ ဆက်လက် ဖတ်ရှုပါရန် ....

