အချို့ကလည်း ဆရာကြီးများပမာပြောင်းလဲပါ "Change" ဟူသည်ကို လည်းပြောတတ် သေး၏။ မည်သို့ပြောင်းလဲ ရပါ့မလဲ? ပြောင်းလဲရမယ့် နည်းလေးပေးပါလား? ဟုဆိုသောအခါ မျက်စိ ပျက်၊ မျက်နှာ ပျက်ဖြစ်ကြရသည် ကိုလည်းကြုံဖူးခဲ့ပါသည်။
.
အသုံးအနှုန်း အသစ်တို့ကို မြန်မာ အများစုအာတွေ့ဟန်ရှိသည်။ အရင်းအမြစ်ကို နားလည်ရန် မ ကြိုးစားကြ၊ အလျင်ဦးသူက ဆရာကြီးလဲလုပ်လေ့ရှိ၏။ တစ်ကယ် အသိတရား "အခံ" ရှိသူနှင့်တွေ့သောအခါ ရှူးရှူး ရှဲရှဲဖြစ်ကြပြန်သည်။
မြန်မာနိုင်ငံ အမှန်တစ်ကယ် မတိုးတက်ရခြင်း၏ တစ်ကယ့်အရင်းအမြစ်မှာ အသုံးအ နှုန်းများကို လျှာဖျားပေါ်တွင် အရသာတွေ့လောက်ရုံဖြင့် ကျေနပ်နေကြခြင်းကြောင့် ဟု ကောက်ချက်ပေးနိုင် ပါ လိမ့်မည်။ အမှန်တစ်ကယ် အလေးအနက် ထဲထဲဝင်ဝင် သိခဲ့ကြမည်ဆိုလျှင် တိုးတက်ရန်မခဲယဉ်းလှပါချေ။
.
Read more >>> ပုံကိုနှိပ်၍ ဆက်လက် ဖတ်ရှုပါရန် ....

