Diabetic neuropathy ဆီးချိုကြောင့်ဖြစ်ရတဲ့ အာရုံကြောရောဂါ

ဆီးချိုရောဂါသည်တွေ အကိုက်အခဲပျောက်ဆေးနဲ့ ပတ်သက်ပြီး ဘယ်လိုဆေးတွေကို သုံးသင့်ပါသလဲ။ ကြွက်သားတွေ အားပျ

November 24, 2014
Diabetic neuropathy ဆီးချိုကြောင့်ဖြစ်ရတဲ့ အာရုံကြောရောဂါ

Diabetic neuropathy

ဆီးချိုရောဂါသည်တွေ အကိုက်အခဲပျောက်ဆေးနဲ့ ပတ်သက်ပြီး ဘယ်လိုဆေးတွေကို သုံးသင့်ပါသလဲ။ ကြွက်သားတွေ အားပျော့ပြီး လမ်းမလျှောက်နိုင်ဖြစ်နေပါတယ်။ အင်အားအတွက် သုံးစွဲသင့်သော ဆေးဝါးများ နှင့် အကိုက်အခဲ ပျောက်ဆေးများကို ဖြေကြားပေးပါ။ အစားအသောက်တော့ ကောင်းကောင်း စားနိုင်ပါတယ်။ အားအင်တွေ ကုန်ခမ်းပြီး ကြွက်သားတွေ တင်းနေပါတယ်။

ဆီးချိုဖြစ်နေတာ ကြာသူတွေမှာ အာရုံကြောတွေကို ထိခိုက်တာကို Diabetic neuropathy ခေါ်တယ်။ ခြေထောက်မှာ ခံစားမှု နည်းလာတာကနေ စတယ်။ ဘယ်-ညာ နှစ်ဘက်လုံး ညီတူညာတူလို ဖြစ်မယ်။ တဖြေးဖြေးနဲ့ အထက် တက်လာတယ်။ ထုံသလိုဖြစ်နေလို့ ထိခိုက်မိမှာကို ပိုးပြီးသတိထားရမယ်။ ထိခိုက်မိရင် အာရုံကြော အားနည်းတာရော သွေးလျှောက်တာ နည်းတာတွေကြောင့် အနာဖြစ်မယ်။ ပိုးဝင်မယ်။ ပျောက်ခဲတယ်။

Diabetic neuropathies ရှိနေပေမဲ့ ဘာမှ မခံစားဘဲလဲ နေသေးတယ်။ ဆီးချိုရှိနေသူတွေထဲ ၆ဝ-၇ဝ% မှာ တချိန်မှာ ဒီအဆင့်ရှိလာတယ်။ များသောအားဖြင့် ၂၅ နှစ်ကြာရင်ဖြစ်တယ်။ ခြေ-လက်တွေမှာ Pain နာတာ၊ Tingling ကျင်တာ၊ Numbness ထုံတာ၊ ခြေ-လက်တွေက ကြွက်သားတွေ လှီလာတာ၊ ပုံသဏ္ဌာန်ပြောင်းတာ၊ Reflexes ခေါ်တဲ့တုန့်ပြန်မှု ပျက်စီးတာ၊ လမ်းသွားပုံမမှန်တာ၊ ထုံနေတာ သိပ်မသိ၊ ဖိတာကို သတိမထားမိရာကနေ Blisters and sores အပူူဖူးနဲ့ အနာ ဖြစ်လာတတ်တယ်။

အာရုံကြောကို သက်ရောက်တာက ချက်ချင်း ဖြစ်လာတာနဲ့ နာတာရှည် ၂ မျိုးရှိတယ်။ Acute neuropathy (Neuritis) ရက်တိုဖြစ်တာက ဆီးချိုကို ထိန်းနိုင်ရင် သက်သာသွားတယ်။ ဖြစ်နေရင် ပူလောင်သလို ခံစားရနိုင်တယ်။ ညပိုင်းမှာ ပိုဆိုးတယ်။ အိပ်ရေးပျက်တဲ့အထိ ဖြစ်နိုင်တယ်။ Chronic neuropathy နာတာရှည်က ပိုဆိုးတယ်။ နောက်ဆက်တွဲ ဖြစ်နိုင်တာတွေ ရှိတယ်။

Diabetic neuropathy ကို အစဆုံး သိနိုင်တဲ့ လက္ခဏာက Vibrations တုန်ခါမှုကို မသိတာဖြစ်တယ်။ အဖြစ်နည်းပေမဲ့ လက်မှာလဲ ဖြစ်နိုင်တယ်။ ဆိုးတာက ပျက်စီးမှုဟာ ရာသက်ပန်ဖြစ်တယ်။ ဆီးချိုကို ထိန်းနိုင်ပေမဲ့ ဒီလို ဖြစ်နေတာက ပျောက်မသွားဘူး။ နောက် အာရုံကြောရောဂါတမျိုးက Paralysis involving single nerves အာရုံကြောတခုက လေဖြတ်တာ ဖြစ်တယ်။ နောက်တမျိုးက Painful types of neuralgia နာနေတဲ့ အာရုံကြောရောဂါ ဖြစ်တယ်။ ဒါတွေကတော့ ဆီးချိုကို ထိန်းနိုင်ရင် သက်သာပါမယ်။

- Peripheral neuropathy အဖျားပိုင်းအာရုံကြောတွေ ထိခိုက်တာက အများဆုံးဖြစ်တယ်။ Peripheral neuropathy ကို Distal symmetric neuropathy လဲခေါ်တယ်။ sensorimotor neuropathy လို့လဲခေါ်တယ်။
- Autonomic neuropathy ထဲမှာ ချွေးထွက်များတာလဲပါတယ်။ သွေးဖိအား၊ အဆုပ်နဲ့ မျက်စိ အာရုံကြောတွေ၊ နောက်ပြီး သွေးထဲမှာ သကြားဓါတ်ကျနေတာကို သတိပေးစနစ်အားနည်းမယ်။ Hypoglycemia Unawareness သွေးထဲမှာ သကြားဓါတ် နည်းလာရင် (Blood glucose below 70 mg/dL) လက်-ခြေတုန်လာမယ်၊ ချွေးပြန်မယ်၊ ရင်တုန်မယ်။ အခုရောဂါရလာရင် ဒီလိုသတိပေးချက်တွေ အားနည်းလာမယ်။
- Proximal neuropathy ကြောင့် ပေါင်၊ တင်ပါးနေရာတွေနာမယ်။ ခြေထောက်ပိုင်း အားနည်းနေမယ်။
- Focal neuropathy ကြောင့် ဖြစ်တဲ့နေရာက အာရုံကြော အလုပ်လုပ်တဲ့နေရာမှာ အားနည်းနေမယ်။ နာနေမယ်။ ဥပမာ မျက်စိ၊ မျက်နှာကြွက်သား၊ နား၊ ဗိုက်အောက်ပိုင်း၊ ရင်ပတ်၊ ဗိုက်၊ ပေါင်၊ ခြေသလုံး၊ ခြေထောက်။

Autonomic nervous system (ANS) (အော်တိုနောမစ်) အာရုံကြောစနစ်ကိုလဲ ထိခိုက်စေနိုင်တယ်။ အစာစားပြီး ဗိုက်ကယ်နေမယ်။ အစာမကျေ၊ ပျို့ချင်၊ အန်ချင်၊ ဝမ်းပျက်၊ ဝမ်းချုပ်၊ မတ်တပ်ရပ်ချိန်မှာ ခေါင်းမူးတာ၊ ဆီးအသွားရခက်၊ အားယုတ်၊ ကိုယ်အလေးချိန် ကျပြီး၊ စိတ်ဓါတ်လဲကျ။ မတ်တပ်ရပ်ချိန် သွေးဖိအားတက်၊ မတ်တပ်ရပ်ရင် ခေါင်းမူးမယ်။ Fainting ဖြစ်မယ်။ Erectile dysfunction (ED or Impotence) ယောက်ျား ပန်းသေ-ပန်းညှိုး၊ မိန်းမ ဗဂျိုင်းနား ခြောက်သွေ့မယ်။

နာတာအတွက်
• Mild painkillers အနာသက်သာဆေး သိပ်မပြင်းတဲ့ Paracetamol or Aspirin တခုခု၊
• Antidepresant drugs စိတ်မကျဆေးဖြစ်တဲ့ Antidepressants (Amitriptyline, Imipramine, Desipramine, Duloxetine (Cymbalta), Venlafaxine, Bupropion (Wellbutrin), Paroxetine (Paxil), and Citalopram (Celexa) တွေ၊
• Anticonvulsants အတက်သက်သာဆေး = Pregabalin (Lyrica), Gabapentin (Gabarone, Neurontin), Carbamazepine, and Lamotrigine (Lamictal) ဆေးတွေ၊

• Opioid painkillers ဘိန်းပါတဲ့ အနာသက်သာဆေး အပြင်းစား Tramadol (Zydol) or Dextropropoxyphene ကိုလဲ တခြားဆေးတွေနဲ့ မရရင် သုံးနိုင်တယ်။

• Lidocaine patches (Lidoderm, Lidopain) ဆေးကပ်ခွါ၊
• Nitrate sprays or patches ဖြန်းဆေး၊
• Alpha-lipoic acid Evening primrose oil တိုင်းရင်းဆေး၊
• Capsaicin cream (Zacin) ခြေထောက်နာနေတာကို လိမ်းနိုင်တယ်။

• Electrical stimulator (TENS machine) လျှပ်စစ်နည်းနဲ့ ဆေးရုံမှာ လုပ်ပေးနိုင်တယ်။
• Compression stockings ခြေအိပ်ကြပ်တာ စွပ်ထားရင် မတ်တပ်ရပ်လို့ မူးတာ သက်သာစေမယ်။
• Nausea and vomiting အန်ချင်တာအတွက် Metoclopramide သောက်နိုင်တယ်။
• Codeine phosphate နဲ့ တခြား ဝမ်းရပ်ဆေးတခုခုကို ဝမ်းပျက်တာ မရပ်ရင် သောက်ပါ။

Good advice အကြံပေးချက်များ
• ဆီးချိုကို နေ့စဉ်ထိန်းနေပါ။
• ဖိနပ်၊ ရှူး အနေတော်တာကိုသာ စီးပါ။
• ခြေသည်း၊ လက်သည်းဖြတ်တာ ဂရုစိုက်ပါ။
• ခြေထောက်ကို နေ့စဉ်စစ်ဆေးပါ။
• ထိခိုက်တာ၊ အနာပေါက်တာဖြစ်ရင် သေးသေး ကြီးကြီး ဆရာဝန်ပြပါ။
• မေးတဲ့သူက အစားအသောက်တော့ ကောင်းကောင်းစားနိုင်တယ်ဆိုပေမဲ့ ဆီးချိုရှိသူတွေ စားရမှာတွေကိုသာ စားပါ။

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/diabetic-neuropathy.html


Healthy Life

253 Blog posts

Comments