Polycystic Kidney Disease ကျောက်ကပ်ရောဂါ

Polycystic Kidney အကြောင်း ဆွေးနွေးထားတာ ရှိပါသလား။ ကျွန်တော့် အဖေက အဲဒီရောဂါနဲ့ ဆုံးသွားလို့ပါ။ ခု အဒေါ်လည်း အဲဒီ

November 22, 2014
Polycystic Kidney Disease ကျောက်ကပ်ရောဂါ

Polycystic Kidney Disease

Polycystic Kidney အကြောင်း ဆွေးနွေးထားတာ ရှိပါသလား။ ကျွန်တော့် အဖေက အဲဒီရောဂါနဲ့ ဆုံးသွားလို့ပါ။ ခု အဒေါ်လည်း အဲဒီရောဂါ ဖြစ်နေပါတယ်။ မျိူးရိုး လိုက်နိုင်သလား သိချင်ပါတယ်။

Polycystic Kidney Disease (PKD) (ပေါ်လီဆစ်စတစ်) ကျောက်ကပ် ရောဂါ ဆိုတာ မျိုးဗီဇရောဂါတခု ဖြစ်ပါတယ်။ ကျောက်ကပ် ထဲမှာ Cysts ခေါ်တဲ့ အရည်ပါ အိတ်လေးတွေ ဖြစ်လာတာပါ။ အိတ်တွေကြောင့် ကျောက်ကပ် အရွယ်က ကြီးကြီးလာမယ်။ သူ့အလုပ်က နည်းနည်း လာမယ်။ နှစ်တွေ ကြာတော့ သူ့အလုပ်သူ မလုပ်နိုင်တော့ဘူး။ Dialysis ကျောက်ကပ် ဆေးတာနဲ့ Kidney transplantation ကျောက်ကပ် အစားထိုးတာ လိုလာမယ်။ တချို့ကြ ကျောက်ကပ်သာ မဟုတ်ဘဲ အသဲ၊ သွေးကြော၊ ဦးနှောက်တွေမှာပါ ရောဂါတွေ ဆက်ဖြစ်တတ်တယ်။

1. Autosomal dominant PKD အမျိုးအစားက ၉ဝ% အများဆုံး ဖြစ်တယ်။ အသက် ၃ဝ-၄ဝ ကြားမှာ လက္ခဏာတွေ ပေါ်မယ်။ ဒိထက် အသက်ငယ်ငယ်လဲ ဖြစ်နိုင်တယ်။ ဒီရောဂါရှိသူတွေ တဝက်လောက် သူ့ကလေးတွေကို ရောဂါအမွေ ပေးတယ်။ နှစ်တွေ အကြာကြီး အသက်ရှင်နိုင်တယ်။ ဒါ့ကြောင့် လူကြီး ကျောက်ကပ်နာလို့ ခေါ်ကြတယ်။
2. Autosomal recessive PKD အမျိုးအစားက ရှားတယ်။ အသက်ငယ်တုံး ဖြစ်တယ်။ တချို့မှာ မမွေးခင် ကတည်းက ရှိနေတယ်။

Ultrasound, Computerized Tomography (CT) scans or Magnetic Resonance Imaging (MRI) တွေနဲ့ စစ်ဆေးမယ်။ Genetic test မျိုးဗီဇစစ်တာလဲ လုပ်နိုင်တယ်။

ကျောက်ကပ်နေရာက နာမယ်၊ ခေါင်းကိုက်မယ်၊ ဆီးလမ်း ပိုးဝင်မယ်၊ သွေးတိုးမယ်၊ အသက်ငယ်ငယ် ၂ဝ-၃ဝ ကြား သွေးတိုးရင် ဒီရောဂါ ရှာရမယ်။ ဆီးထဲ သွေးပါမယ်။ အသဲနဲ့ သရက်ရွက်မှာလဲ အိတ်လေးတွေ တွေ့မယ်။ ကျောက်ကပ်-ကျောက် ရှိနိုင်တယ်။ နှလုံး-အဆို့ရှင် မကောင်းတာ၊ သွေးလွှတ်ကြောဖေါင်းတာ၊ အူမကြီးရောဂါတွေပါ ရှိလာတတ်တယ်။

• အမေရိကားမှာ လူ ၆ သိန်းဖြစ်နေကြတယ်။
• ၁ဝ% လောက်က မိဘတွေမှာ မျိုးဗီဇ ပြဿနာ မရှိကြဘူး။
• အမေရော အဖေပါ မျိုးဗီဇရှိနေရင် ကလေးမှာ လာဖြစ်ဘို့ ၂၅% အလားအလာရှိတယ်။
• မိဘတဦးထဲမှာသာ ရှိနေရင် သူ့ကလေးက ၅ဝ% ရောဂါရနိုင်တယ်။ ရောဂါမရလဲ နောက်မျိုးဆက်ကို မျိုးဗီဇ သယ်ဆောင်ပေးမယ်။
• မမွေးခင် ဗိုက်ထဲကတည်းက ရောဂါရှိနေသူဟာ ငယ်ငယ်နဲ့ ကျောက်ကပ် အလုပ်မလုပ်တာ ဖြစ်လာနိုင်တယ်။ လူတိုင်းတော့ မဟုတ်ပါ။
• PKD ကို ပျောက်အောင် ကုမရသေးပါ။
- သွေးတိုး ထိန်းဆေးပေးမယ်၊ အစာ (အငန်-အချို-အဆီ) ရှောင်ရမယ်၊
- အနာသက်သာဆေး၊
- ပဋိဇီဝဆေးတွေ ပေးမယ်။
• ရောဂါက တဖြေးဖြေး ကြာလေဆိုးလေ၊
• နောက်ဆုံး End-stage renal disease ကျောက်ကပ် အလုပ်မနိုင်တော့တာ ဖြစ်လာရင်
- Dialysis ကျောက်ကပ်ဆေးတာ နဲ့
- Kidney transplantation ကျောက်ကပ် အစားထိုးတာ လုပ်ရမယ်။

Dr. တင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/polycystic-kidney-disease.html


Healthy Life

253 Blog posts

Comments