Scleroderma (စကယ်လရိုဒါးမား) အရေပြားမာတဲ့ရောဂါ

Jun 1st, 10:20pm
ဒီက ဆရာဝန်ကို ဘာမေးခွန်းမှ မေးခွင့်မရှိတဲ့ အခြေအနေဖြစ်နေတော့ pss ရောဂါအကြောင်း ပြည့်ပြည့်စုံစုံ သ

November 22, 2014
Scleroderma (စကယ်လရိုဒါးမား) အရေပြားမာတဲ့ရောဂါ

Scleroderma

Jun 1st, 10:20pm
ဒီက ဆရာဝန်ကို ဘာမေးခွန်းမှ မေးခွင့်မရှိတဲ့ အခြေအနေဖြစ်နေတော့ pss ရောဂါအကြောင်း ပြည့်ပြည့်စုံစုံ သိချင်ပါတယ်ရှင့်။ ဆရာဆီကအဖြေကို အများကြီးမျှော်လင့်နေမိပါတယ်ရှင့်။ ကျေးဇူးတင်ပါတယ်ရှင့်။

Thu, Dec 20, 2012 at 2:41 PM
သမီးအမေက (scl 70 positive) အရေပြားလေးဘက်နာရောဂါကို ခံစားနေရပါတယ်။ အသက်က ၄၇ နှစ်ရှိပါပြီ။ အခုလောလောဆယ်ကတော့ ဆရာဝန်နဲ့ပြနေတာ ၁ နှစ်ကျော်နေပါပြီ။ ဖြစ်စအချိန်ရောဂါလက္ခဏာကတော့ ခြေထောက်နဲ့ လက်တွေက တင်းလာပြီး အသားတွေကမာနေပါတယ်။ အခု ၁ နှစ်ကျော်ဆေးသောက်ပြီးချိန်မှာတော့ အရမ်းကြီး မတင်းတော့ပါဘူး။ လက်ကောက်ဝတ်နဲ့ ခြေကျင်းဝတ်နေရာလေးတွေလောက်ပဲ တင်းနေပါတယ်။ ဒါပေမယ့် မျက်နှာနဲ့ လက်တွေမှာ ခရုသင်းလိုမျိုး အကွက်ကလေးတွေလည်း နဲနဲဖြစ်လာပါတယ်။ မိန်းမသားဆိုတော့ အဲလိုအကွက်တွေ ဖြစ်လာတာ ရှက်လာပါတယ်။ အခုလောလောဆယ် အများကြီးမဟုတ်သေးပေမဲ့ အချိန်ပိုကြာလာတာနဲ့အမျှ အဲလို အဖြူကွက်တွေ ပိုပိုတိုးလာမှာ စိုးရိမ်ပါတယ်။ အဲလိုမျိုး အကွက်တွေ ရှင်းရှင်းလင်းလင်း ပျောက်ကင်းဖို့အတွက်က ခက်ခဲမှန်းသိပေမယ့် နောက်ထပ်အဲလိုမျိုး ထပ်ဖြစ်မလာအောင် ဘယ်လို ကာကွယ်ရမလဲ။ အခုလောလောဆယ်ကတော့ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေကို စွဲသောက်နေပါတယ်ဆရာ။ အဲဒီအတွက် လိမ်းဆေးရော ရှိလား။ သမီးမှာလည်း လေးဘက်နာရောဂါရှိနေပါတယ်။ အဲဒီရောဂါကရော မိသားစုဝင်နဲ့ တစ်ခြားသူတွေကို ကူးစက်နိုင်ပါသလား။ ကူးစက်ရင်ရော ဘယ်လိုအခြေအနေမျိုးတွေမှာ ကူးစက်နိုင်လဲဆိုတာ သိပါရစေရှင့်။ နောက်ပြီး အဲဒီရောဂါကြောင့် တစ်ခြားရောဂါတွေလည်း ရလာနိုင်တယ်လို့ သိရပါတယ်။ သမီးအမေက ကျောက်ကပ်နဲနဲရောင်နေပါတယ်။ နောက်ထပ် ဘာရောဂါတွေ ရလာနိုင်ပါသလဲဆိုတာ သိချင်ပါတယ်ရှင့်။ ပြီးတော့ အစားအသောက်(ရှောင်ရန်/မှီဝဲရန်) နှင့် ဘယ်လိုတွေ နေထိုင်ရမလဲဆိုတာကို ဖြစ်နိုင်ရင် အသေးစိတ် သိချင်ပါတယ်ရှင့်။ ဒီရောဂါက ရေရှည်ဆေးစွဲသောက်ပြီး ကုသရမယ်လို့ သိရပါတယ်။ အချိန်ဘယ်လောက်ကြာမှ ဒီရောဂါ ပျောက်ကင်းနိုင်မလဲဆိုတာလည်း ပြောပြပေးပါဆရာ။

Anti-Scl 70 antibodies (အင်တီဘော်ဒီ) တမျိုးတွေ့ရင် Scleroderma (စကယ်လရိုဒါးမား) အရေပြား မာလာတဲ့ ရောဂါ ဖြစ်နေမယ်။ anti-scl70 တွေ့ရင် အနှံ့ဖြစ်တာမျိုးဖြစ်တယ်။ anti-U3 နဲ့ anti-RNA polymerase တွေလဲ တွေ့နိုင်တယ်။

Progressive systemic sclerosis (PSS) ဆိုတာ တကိုယ်လုံးမှာဖြစ်တဲ့ တွယ်ဆက်တစ်ရှူးတွေရောဂါဖြစ်တယ်။ အဖုံးလွှာက ကိုလာဂျင်အစုအစီးင်္တေထုထဲနေတယ်။ ဖိုက်ဘရိုးဆစ်စဆခါ်အရွတ်ဖြစ်စဉ်ရှိမယ်။ အတွင်းအင်္ဂါတွေမှာ သွေးကြော ပုံမှန်မဟုတ်တာလည်းရှိနိုင်တယ်။ အရေပြားက အောက်ခံလွှာကိုသွားကပ်နေမယ်။ လက်နဲ့ မျက်နှာမှာ သိသာတယ်။ Scleroderma လို့လည်းခေါ်တယ်။

Localized scleroderma နေရာတခုခုမှာကွက်ဖြစ်တာနဲ့ Systemic scleroderma တခြားအင်္ဂါတွေ၊ သွေးကြောတွေအထိ ဖြစ်နေတာဆိုပြီး ၂ မျိုးရှိတယ်။ နှလုံး၊ ကျောက်ကပ်၊ အဆုပ်၊ အစာခြေလမ်း၊ အရေပြား၊ ပါးစပ်တွေမှာ ဆက်ဖြစ်တတ်တယ်။

ဆေးစစ်ရင် -
- Calcium deposits in connective tissues တွယ်ဆက် (တစ်ရှူး) တွေမှာ (ကယ်လ်စီယမ်) ဓါတ်တွေလာစုနေမယ်၊
- Raynaud's phenomenon ခြေ-လက်က သွေးကြောလေးတွေ ကျဉ်းလာမယ်၊
- Swelling of the esophagus အစာမြိုပြွန်ရောင်မယ်၊
- Thick, tight skin on your fingers လက်ချောင်းအရေပြားတွေ မာ-တင်း-ထူလာမယ်၊
- Red spots on your hands and face မျက်နှာနဲ့လက်မှာ အနီစက်လေးတွေပေါ်လာမယ်။

ဘာလို့ဖြစ်ရသလဲ မသိပါ။ အမျိုးသမီးတွမှာ ပိုဖြစ်တယ်။ ပျောက်မှာလဲ မဟုတ်ပါ။ ခံစားရတာတွေ သက်သာအောင် ကုသနည်းတွေတော့ ရှိပါတယ်။ Chronic systemic autoimmune disease နာတာရှည် တကိုယ်လုံးမှာဖြစ်တဲ့ (အော်တိုအင်မြူး) ရောဂါအမျိုးအစား ဖြစ်တယ်။ Rheumatic disease (ရူမက်တစ်) ရောဂါ၊ Connective tissue disease တွယ်ဆက် (တစ်ရှူး) ရောဂါလို့လဲ သတ်မှတ်တယ်။ တကိုယ်လုံးမှာဖြစ်ပြီး အကန့်အသတ်နဲ့သာဖြစ်တာနဲ့ အနှံ့အပြားဖြစ်တာလို့ရှိတယ်။ မျိုးရိုးလိုက်နိုင်တယ်။

Raynaud's phenomenon သွေးကြောလေးတွေကျဉ်းတာဖြစ်လာရင် nifedipine, amlodipine, diltiazem, felodipine, or nicardipine ဆေးတွေပေးနိုင်တယ်။
Fibrosis of the skin အရေပြားမာတာအတွက် D-penicillamine, colchicine, PUVA, relaxin, and cyclosporine ဆေးတွေသုံးနိုင်တယ်။
(အော်တို-အင်မြူး) ရောဂါဖြစ်လို့ methotrexate, cyclophosphamide, azathioprine, and mycophenolate ဆေးတွေသုံးရတယ်။

အကန့်အသတ်နဲ့ဖြစ်တယ်ဆိုတာ အရေပြားသာဖြစ်မယ်။ နီးစပ်ရာကြွက်သားလဲ ထိခိုက်နိုင်တယ်။ အတွင်းအင်္ဂါတွေမှာ မဖြစ်ဘူး။ Systemic Scleroderma ကိုယ်အနှံ့ဖြစ်တယ်ဆိုတာ သွေးကြောတွေနဲ့ အင်္ဂါတွေမှာပါဖြစ်နေတယ်။ အကန့်အသတ်နဲ့သာဖြစ်သူတွေက အသက်မတိုကြပါ။ လေ့လာမှုတခုအရ လူနာ ၃ ပုံ ၂ ပုံဟာ ရောဂါရှိမှန်း သိပြီးတဲ့နောက် အနည်းဆုံး ၁၁ နှစ်အသက်ရှင်ကြတယ်။ အသက်သိပ်ကြီးမှဖြစ်ရင်တော့ ဆိုးတယ်။ နောက်လေ့လာမှုတခုအရ အကန့်အသတ်နဲ့ဖြစ်နေသူတွေဟာ နောက်ထပ် အနှစ် ၂ဝ ကနေ ၅ဝ အထိ နေနိုင်ကြတယ်။

ဒေါက်တာတင့်ဆွေ
Credit Source: https://doctortintswe.blogspot.com/2014/11/scleroderma.html


Healthy Life

253 Blog posts

Comments