STDs and Condom (ကွန်ဒွမ်) သုံးပေမဲ့ ကူးနိုင်တဲ့ရောဂါတွေ

လိင်ဆက်ဆံတာနဲ့ ပါတ်သက်ပြီး ရောဂါကူးမကူး သိချင်လို့ပါ။ Condom သုံးပေမယ့် ယောက်ျားမှာ ပွေးတို့ ဝဲတို့ ပေါက်န

November 13, 2014
STDs and Condom (ကွန်ဒွမ်) သုံးပေမဲ့ ကူးနိုင်တဲ့ရောဂါတွေ

STDs and Condom

လိင်ဆက်ဆံတာနဲ့ ပါတ်သက်ပြီး ရောဂါကူးမကူး သိချင်လို့ပါ။ Condom သုံးပေမယ့် ယောက်ျားမှာ ပွေးတို့ ဝဲတို့ ပေါက်နေမယ်ဆိုရင် မိန်းမမှာ ရာသီလာနေရင် ကူးနိုင်လားသိချင်ပါတယ်။ STDs ကို နာမလည်လို့ ရှင်းပြစေချင်ပါတယ်။ ဒီမေးခွန်းလေးကိုပဲ ထပ်ပြီး ပိုနားလည်အောင် ထပ်ရှင်းပြစေ လိုပါတယ်။ ဆက်ဆံတဲ့ မိန်းကလေးက ရာသီလာနေမယ်၊ ဆက်ဆံတဲ့ ယောက်ျားလေးက Condom သုံးပေမယ့် ကွန်ဒွမ် မဖုံးတဲ့နေရာ (ဥပမာ ဝှေးစေ့၊ ဆီးစပ်) တို့မှာ ပွေး၊ ဝဲ၊ ညင်းတို့ ပေါက်နေမယ်ဆိုရင် ကူးနိင်မလား ရှင်းရှင်း လင်းလင်း သိချင်ပါတယ်။

1. အမျိုးသမီးမှာ ရာသီလာနေတာကြောင့် ထူးပြီး ရောဂါ ကူးတာမျိုး မဖြစ်နိုင်ပါ။ ရာသီလာနေတယ်ဆိုတာ သူ့သားအိမ် အထဲက အတွင်းဆုံးအလွှာ ပျက်စီးလို့ ထွက်ကျလာနေတဲ့ သွေးသာဖြစ်တယ်။ ဒီအချိန်မို့ ထူးပြီး ကူးစရာ မရှိပါ။ တခုတော့ရှိတယ် ဒီအချိန်မျိုးမှာ သုံးတဲ့ အခုအခံ Diaper က သန့်ရှင်းမှု နည်းရင်တော့ ပိုးဝင်လာနိုင်တယ်။

2. Condom (ကွန်ဒွမ်) က လိင်ဆက်ဆံချိန်မှာ ထွက်တဲ့ အရည်တွေထဲမှာ ပါနေမဲ့ လိင်ကတဆင့် ကူးစက်နိုင်ကြတဲ့ ရောဂါတွေကိုသာ အကာအကွယ် ပေးနိုင်တယ်။

3. (ကွန်ဒွမ်) က ကျားလိင်တံကိုသာ ဖုံးတာမို့၊ ကျားကနေမ၊ မကနေကျား၊ ကျားကနေကျား၊ STDs လိင်ကတဆင့် ကူးစက် ရောဂါတွေကို မကူးစေနိုင်ပါ။ ဒါပေမဲ့ (ကွန်ဒွမ်) ဖုံးမထားတဲ့ နေရာတွေမှာ တခြား ကူးစက်ရောဂါ ရှိနေရင်တော့ အကာအကွယ် မပေးနိုင်ပါ။

4. ယောက်ျားတွေရော မိန်းမတွေမှာပါ ရှိနေနိုင်တဲ့ STDs တွေ -
• HIV/AIDS အိတ်ချ်အိုင်ဗွီ-အေအိုင်ဒီအက်စ်၊
• Genital warts လိင်လမ်း-ကြွက်နို့၊
• Gonorrhea ဂနိုရီးယား၊
• Hepatitis B အသဲရောင် ဘီ၊
• Syphilis ဆစ်ဖလစ်၊
• Herpes ရေယုံရောဂါ။

5. အမျိုးသမီးမှာသာ ရှိနေနိုင်တဲ့ STDs တွေ -
• Yeast infection (Candidiasis) (Monilia, Thrush) (ရိစ်) ကြောင့် မွေးလမ်းကြောင်းရောင်ရင် အဖြူရောင် ပြစ်တဲ့ (ချိစ်) လို ဆင်းတယ်။ အလွန်ယားပြီး၊ မိန်းမကိုယ် နီနေမယ်။ နာမယ်။ ဆီးအောင့်မယ်။
• Cervicitis သားအိမ်အဝ ရောင်နေရင် ဆီးစပ်နာမယ်။ ခပ်ချွဲချွဲ နှင့် ပြည်လိုဆင်းမယ်။ သားအိမ်အဝ ထိရင် လိင်ဆက်ဆံရင် နာမယ်။
• Chancroid (ရှိန်ကာရွိုက်) သားအိမ်အဝမှာ အနာဖြစ်ရင် ထိရင်နာမယ်။ လိင်အင်္ဂါမှာ အနာ-အကြိတ် ပေါ်မယ်။ ပေါင်ခြံက အကြိတ်တွေ ရောင်လာတယ်။
• Chlamydial infection (ကလင်ဒါမိုင်စင်) မွေးလမ်းကြောင်း ရောင်နေရင် လိင်အင်္ဂါတွေမှာ အနာဖြစ်မယ်။ အနာ ဆိုပေမဲ့ မနာဘူး။ ပေါင်ခြံမှာ တက်စေ့တွေ ရောင်လာမယ်။ သားအိမ်အဝမှာ အဖြစ်များတယ်။ ဆင်းတာက ပြည်လိုနေတယ်။ နဲနဲဝါမယ်။ မီးခိုးရောင်၊ ခပ်စိမ်းစိမ်း အရောင်လဲ ဖြစ်နိုင်တယ်။ အမြှုတ်လိုလဲ ရှိတတ်တယ်။ ယားမယ်။ အနံ့ဆိုးတယ်။ သွေးနဲနဲလဲ စွန်းနိုင်တယ်။ ဆီးခဏခဏ သွားချင်ပြီး ဆီးအောင့်တယ်။ အတွင်းအင်္ဂါတွေအထိ ရောက်နိုင်တယ်။ ဒီအချိန်မှာ လိင်ဆက်ဆံရင် နာမယ်။
• Bacterial Vaginosis (Hemophilus, Gardnerella) ဗက်တီးရီးယားကြောင့် မွေးလမ်းကြောင်း ရောင်ခြင်း ခပ်ကျဲကျဲ၊ ကြည်တဲ့ ဖြူဝါတဲ့ အနံ့ဆိုးတဲ့ အရည်ဆင်းတယ်၊ ယားမယ်၊ လိင်ဆက်ဆံ ပြီးရင် ပိုဆိုးတယ်။
• Gonorrhea ဂနိုးရီးယား ဖြစ်နေရင် အဖြူဆင်းမယ်။ ပြည်လိုဆင်းမယ်။ ဆီးက ပန်းထွက်သလို သွားတယ်။ ကြားရက် သွေးဆင်းတာ ဖြစ်တတ်သေးတယ်။ ဆက်ဆံရင်လဲ နာမယ်။
• Pelvic Inflammatory Disease (PID) တင်ပါးဆုံအတွင်း အင်္ဂါတွေရောင်နေရင် နဲနဲဖျားမယ်။ ပြည် ဒါမှမဟုတ် ခပ်ချွဲချွဲဆင်းမယ်။ လိင်ဆက်ဆံရင် နာမယ်။ ဗိုက်အောက်ပိုင်းနေရာ နာမယ်။
• Trichomoniasis (ထွိုင်ကိုမိုးနပ်) မွေးလမ်းကြောင်း ရောင်နေရင် အနေအထိုင်ခက်ပြီး၊ အဖြူ (အမြှုတ်) ဆင်းမယ်။ မွေးလမ်း၊ မိန်းမကိုယ် နီမယ်။ စိမ်းဝါတဲ့ အနံ့ဆိုးတဲ့ အရည်ဆင်းမယ်၊ ယားတယ်။

6. လိင်ဆက်ဆံတာကို လိင်အင်္ဂါတွေကိုသာမက စဉ်းစားရမှာတွေ အများကြီး ရှိပါသေးတယ်။ ကူးစက်ရောဂါ အမျိုးစုံဟာ ကူးစက်နိုင်တဲ့ လမ်းတွေကလဲ အမျိုးမျိုးရှိတယ်။ အတူတူ ထိကပ်၊ ပွေ့ဖက်စသဖြင့် နီးစပ်မှုတွေ ကြောင့် ကူးစက်ရောဂါတွေ အများကြီးရှိတယ်။
• Transmission by direct contact ကိုယ်အင်္ဂါ တိုက်ရိုက် ထိတွေ့မှုကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေ။
- Yeast infections အမျိုးသမီးတွေရဲ့ (ဗဂျိုင်းနား) ဟာ မှိုရောဂါအတွက် နေရာကောင်း ဖြစ်တယ်။ ယောက်ျားတွေရဲ့ ကပ်ပဲ့အိတ် နဲ့ လိင်တံ တွေမှာလဲ ဖြစ်တယ်။ Tinea Corporis or Tinea Circinata (Ringworm) ပွေး၊ Tinea Cruris (Jock Itch) ပွေးတမျိုး၊ Tinea Versicolor (Pityriasis Versicolor) ညှင်း။ Tinea Manuum Tinea Pedis (Athlete's Foot) အားကစားသမား ခြေထောက်၊
- အရေပြားမှာ ဗက်တီးရီးယားကြောင့် ဖြစ်ရတဲ့အနာ အမျိုးမျိုးရှိတယ်။ Impetigo, Folliculitis, Furunculosis, Carbunculosis, Ecthyma, Erysipelas, Cellulitis, Necrotizing Fasciitis
- Syphilis ဆစ်ဖလစ် (ဒီနည်းက ရှားတယ်)၊
- Warts ကြွက်နို့၊
- Leprosy လက်ပရိုစီ-အနာကြီးရောဂါ။
• Oral Sexual Transmission ပါးစပ်သုံး လိင်ဆက်ဆံရာကနေ Herpes simplex virus 1 ရေယုံ ဗိုင်းရပ်စ် အမျိုးအစား (၁) ကူးစက်နိုင်တယ်။
• Droplet contact သေးငယ်လှတဲ့ အမှုံအမွှားလေးတွေကနေ ကူးတဲ့ရောဂါတွေ၊ Bacterial Meningitis ဗက်တီးရီးယား-ဦးနှောက်မြှေးရောင်၊ Chickenpox ရေကျောက်၊ Common cold အအေးမိ၊ Influenza တုပ်ကွေး၊ Mumps ပသိရောင်၊ Strep throat လည်ချောင်းနာ၊ Tuberculosis တီဘီ၊ Measles ဝက်သက်၊ Rubella ဂျာမန်-ဝက်သက်၊ Whooping cough ကြက်ညှာ-ချောင်းဆိုး။
• Airborne transmission လေကတဆင့် ကူးစက်ရောဂါတွေ၊ Anthrax ဒေါင့်သန်းရောဂါ၊ Chickenpox ရေကျောက်၊ Influenza တုပ်ကွေး၊ Measles ဝက်သက်၊ Pertussis ကြက်ညှာ-ချောင်းဆိုး၊ Smallpox ကျောက်ကြီး၊ Tuberculosis တီဘီ။
• Fecal-oral transmission စအို-ပါးစပ်လမ်းက ကူးစက်ရောဂါတွေ၊ Giardiasis ဝမ်းပျက်ရောဂါ၊ Hepatitis A အသဲရောင် အသားဝါ အေ၊ Hepatitis E အသဲရောင် အီး၊ Rotavirus ဝမ်းပျက်ရောဂါ၊ Shigellosis ဝမ်းကိုက်ရောဂါ၊ Typhoid fever တိုက်ဖွိုက်၊ Vibri- parahaemolyticus infections ဝမ်းပျက်ရောဂါ၊ Poliomyelitis ပိုလီယို၊ Cholera ကာလဝမ်း၊ Clostridium difficile ဝမ်းပျက်ရောဂါ၊ Cryptosporidiosis ဝမ်းပျက်ရောဂါ၊ Ascariasis သန်ကောင်။
• Vector borne transmission ခြင်စတဲ့ ကြားခံ-အကောင်တွေကတဆင့် ကူးစက်တဲ့ ရောဂါတွေ။
- Chikungunya ခြင် ကတဆင့်ကူးစက်တဲ့ (ဗိုင်းရပ်စ်) ရောဂါ၊ ဆင်ဖြူတော်တုပ်ကွေး၊
- Dengue fever သွေးလွန်တုပ်ကွေး၊
- Eastern Equine Encephalitis (EEE) ခြင် ကတဆင့် ကူးစက်တဲ့ ဦးနှောက် (ဗိုင်းရပ်စ်) ရောဂါတမျိုး၊
- Epidemic polyarthritis ကပ်ရောဂါဖြစ်တဲ့ အဆစ်နာရောဂါတမျိုး၊
- Japanese encephalitis စပါးခင်းခြင် ကတဆင့်ကူးစက်တဲ့ ဂျပန်-ဦးနှောက်ရောင်ရောဂါ၊
- Kyasanur Forest disease သစ်တောရှိ မျောက် ကတဆင့် ကူးစက်တဲ့ ရောဂါ၊
- La Crosse encephalitis ခြင် ကတဆင့် ကူးစက်တဲ့ ဦးနှောက်ရောင် (ဗိုင်းရပ်စ်) ရောဂါ၊
- Leishmaniasis သဲခြင်မ ကတဆင့် ကူးစက်တဲ့ အရေပြား အနာရောဂါ၊
- Loaiasis သရက်ပိုး ကတဆင့် ကူးစက်တဲ့ရောဂါ၊
- Lyme disease သမင်ခြင်ကောင် ကတဆင့် ကူးစက်တဲ့ရောဂါ၊
- Malaria ငှက်ဖျား၊
- Onchocerciasis ခြင်နက် ကတဆင့် ကူးစက်တဲ့ မျက်စိရောဂါ၊
- Plague ကြွက်သန်းကတဆင့် ကူးစက်တဲ့ ပလိပ်ကပ်ရောဂါ၊
- Relapsing Fever သန်း၊ မှက် ကတဆင့် ကူးစက်တဲ့ရောဂါ၊
- St. Louis encephalitis ခြင်ကတဆင့် ကူးစက်တဲ့ ဂျပန်-ဦးနှောက်ရောင်နဲ့ ဆင်တဲ့ရောဂါ၊
- Venezuelan equine encephalitis ခြင် ကတဆင့်ကူးစက်တဲ့ (ဗိုင်းရပ်စ်) ဦးနှောက်ရောင်ရောဂါ တမျိုး၊
- West Nile fever ခြင် ကတဆင့်ကူးစက်တဲ့ ဂျပန်-ဦးနှောက်ရောင်နှင့် ဆင်တဲ့ရောဂါ၊
- Western equine encephalitis ခြင်ကတဆင့်ကူးစက်တဲ့ ဦးနှောက်ရောင်ရောဂါ၊
- Yellow fever ခြင် ကတဆင့်ကူးစက်တဲ့ (ဗိုင်းရပ်စ်) အဖျားရောဂါတမျိုး၊

ဆေးစာမှာ ပြည့်စုံအောင် ရေးတာပါ။ သတိထားဆင်ခြင်၊ ကြိုတင်ကာကွယ် နိုင်တာတွေသာဖြစ်တယ်။ ရောဂါ အများဆုံးကလည်း ဖြစ်လာရင် ကုသလို့ရတာတွေများတယ်။

Dr. တင့်ဆွေ
SHARE
Credit Source: https://doctortintswe.blogspot.com/2014/11/stds-and-condom.html


Healthy Life

253 Blog posts

Comments